မွေးနေ့အတွက် စကားလက်ဆောင်
“လူဘယ်ကစ” ဟူသော မေးခွန်းကို
ပညာရှင်များက အောက်ပါကဲ့သို့
အဓိပ္ပါယ် အမျိုးမျိုး
ဖွင့်ဆိုခဲ့ကြပါတယ်။ တစ်ချို့က
မျောက်က ဆင်းသက်လာကြတယ်
၊ တစ်ချို့က
ဗြာဟ္မာက ဆင်းသက်လာကြတယ်၊ တစ်ချို့က ကမ္ဘာမြေကြီးကဘွင်းခနဲ့ ပေါ်ထွက်လာကြတယ်
စသဖြင့် အမျိုးမျိုး
သုးံသပ် ဖွင့်ဆိုခဲ့ကြပါတယ် ။
တဖန် လူတစ်ယောက်
သို့မဟုတ် သတ္တ၀ါတစ်ဦး ဖြစ်လာဖို့အတွက် ပဋိသနေÎ နေခြင်း အမျိုးမျိုးရှိကြပြန်လေရာ .. ယနေ့မျက်မှောက်ခေတ် လူသားတွေကတော့ မိဘနှစ်ပါး၏
အကြောင်းဆုံ ကံအဟုန်ကြောင့်
ဤကမ္ဘာမြေကြီးပေါ်မှာ လူသားဟူ၍
ဖြစ်ပေါ်လာရခြင်းပင် ဖြစ်ပါတယ်။
တစ်နည်းအားဖြင့် ကာမာဝစရ ကုသိုလ်ကံအဟုန်ကြောင့် ကာမဘုံသား
လူအဖြစ်ကို ရလာကြသည်
မဟုတ်ပါလော။
မာတာ မိခင်ကျေးဇူးရှင်က လူသား
အဖြစ် မွေးဖွားသန့်စင် ပေးလိုက်သောနေ့ကို မွေးနေ့ဟူ၍
သတ်မှတ်ခေါ်ဆိုကြပြီး၊ လူသားတစ်ယောက်
ကမ္ဘာမြေကြီးမှာ ခြေချခွင့်ရသော
ထိုနေ့သည် မင်္ဂလာရှိသော နေ့ရက်လည်း
ဖြစ်ပါတယ်။ ထိုကဲ့သို့
လူသားတစ်ယောက်အဖြစ် ရပ်တည်ခွင့်ပေးလိုက်သော မင်္ဂလာရှိသော
မွေးနေ့အချိန်ခါ သမယမှာ
မင်္ဂလာရှိသော စကား
၊ မင်္ဂလာရှိသော
အတွေး၊ မင်္ဂလာရှိသော
အလုပ် များကို
လုပ်ပါမှ မင်္ဂလာရှိသော လူတစ်ဦး
ဖြစ်လာပါမည်။
မင်္ဂလာ ဟူသည်
မကောင်းသော အကုသိုလ်
အညစ်အကြေးကို ပယ်ဖျောက်ပြီး
ကောင်းသော ကုသိုလ်တရားများကို တိုးပွါးစေပါတယ်။ ထို့ကြောင့် အလွန်တရာမှ
တိုတောင်းလှသော လူ့ဘဝ
ခဏတာ ပုထုဇဉ်လောကမှာ ယခင်က
မှားမိခဲ့သော အမှားများ၊
အကုသိုလ် အညစ်အကြေးများ နောင်တစ်ခါ
မဖြစ်ရအောင် ၊ ယခင်က ပြုလုပ်ခဲ့သော ကုသိုလ်တရားများ ပိုပြီးတိုးပွါးလာအောင်
၊ မပြုလုပ်ဖြစ်သေးသော ကုသိုလ်တရားများကို ပြုလုပ်ဖြစ်အောင် စသဖြင့် သမ္မပ္ပဒါန်တရားကို လက်ကိုင်ထားရပါမည်။
ဘယ်ဘာသာ ဘယ်လူမျိုးပဲဖြစ်ဖြစ် မွေးနေ့မှာ
ပြန်လည် စဉ်းစားသင့်တာက
…
(၁) မိမိအတွက်ရော သူတစ်ပါး
အတွက်ပါ တစ်နှစ်တာ
အတွင်း ဘာတွေလုပ်ပေးနိုင်ခဲ့လဲ ။
(၂) မိမိကို
မွေးဖွားသန့်စင်ပေးလိုက်သော မိဘနှစ်ပါးကို ဘာတွေကျေးဇူးပြုဖူးပြီလဲ ။
(၃) မိမိ အပေါ်မှာ ပညာသင်ပေးသော
ဆရာများ အပေါ်မှာ
ဘာတွေကျေးဇူးပြုဖူးပြီလဲ ။
(၄) မိမိတို့၏ ဘာသာတရားများတည်တံ့၊ ခိုင်မြဲရေးအတွက် ဘာတွေလုပ်ပေးနိုင်ပြီလဲ စသဖြင့် ပြန်လည် စဉ်းစား
သင့်ကြပါတယ်။
အသက် တစ်နှစ်ကြီးလာသည်နှင့်အမျှ လောက
အကျိုးကို တစ်နှစ်တိုး၍ ထမ်းဆောင်နိုင်ခဲ့ပြီဟု ကြွေးကြော်နိုင်သူက တကယ့်လူဖြစ်ပြီး မိမိအတွက်ရော သူတစ်ပါး
အတွက်ပါ ဘာမှ
လုပ်မပေးနိုင်သူက လူမိုက်သာ ဖြစ်ပါတော့မည်။
လောကမှာ မြတ်စွာဘုရား
ပွင့်ထွန်းပေါ်ပေါက်လာရခြင်းဟာ လူသားကောင်းကျိုးချမ်းသာ အတွက်
လောက၏ ကောင်းကျိုးချမ်းသာ အတွက် ဖြစ်စေခဲ့သလို စာရေးသူ
စာရူသူတို့ လူသားတစ်ယောက် အဖြစ် လူ့လောကမှာ
နေရခြင်းသည်လည်း လောကလူသားများ၏
ကောင်းကျိုးချမ်းသာ အတွက်သာ
ဖြစ်သင့်ပါတယ်လို့ … တိုက်တွန်းဆန္ဒပြုရင်း...။
မောင်နန်းဦး( ဓမ္မရောင်စဉ်)
0 comments:
Post a Comment