ဘာပဲလုပ်လုပ်- တာဝန်ကျေဖို့သာလိုသည်။
တွယ်တာနေဖို့-မလို။
မိမိအတွက်လုပ်မယ်ဆိုရင်- ဦးနှောက်နဲ့လုပ်ပါ။
သူတစ်ပါးအတွက်လုပ်မယ်ဆိုရင်- နှလုံးသားဖြင့်လုပ်ပါ။
တရားထိုင်နည်း
တင်ပလ္လင်ခွေကာ၊ ထိုင်နေပါ၊ ခါးမှာဖြောင့်ဖြောင့်ထား။
မလှုပ်အိနြေ္ဒ၊ ငြိမ်ငြိမ်နေ၊ စိတ်တွေမလွင့်ပါ။
မျက်စိမှိတ်ကာ၊ ခေါင်းတည့်ပါ၊ နှာသီးဖျားမှာစိတ်ကိုထား။
ဝင်တာထွက်တာ၊ စိတ်စိုက်ကာ၊ သေချာရှုမှတ်ပွား။
ဤနည်းတိုင်းတာ၊ ရှုမှတ်ပါ၊ နိဗ်ဗာန်ပန်းတိုင်ရောက်လို့သွား။
(ဓမ္မစကြာရွတ်ဖတ်ပူဇော်ပြီးတိုင်း၊ ၁၅-မီနစ်၊ တရားထိုင်ရမည်။)
၁။ ပျော်စရာမျှ
၂။ ဒုက္ခဝေယူ
၃။ ညီတူခွင့်လွှတ်
၎။ ဦးညွတ်မာန်ခွာ
၅။ သစ္စာစောင့်ဖို့
ယောဂီတို့၊ ကျင့်ဖို့ဝတ်ငါးဖြာ။

ယောဂီ ၄-မျိုး
၁။ စံပြယောဂီ
၂။ ဟန်ပြယောဂီ
၃။ ပျံကျယောဂီ
၎။ ဆလံသယောဂီ
ယောဂီ ၄- မျိုး
၁။ ကျောက်ပြားယောဂီ။
၂။ ဂျိုးထောင်ယောဂီ။
၃။ ကျုတ်ကျလိယောဂီ။
၎။ ကြက်ဖိယောဂီ။

လောကကျက်သရေ
၁။ အသစ်တရား ခေတ်စားပါစေ။
၂။ အဟောင်းတရား ကောင်းစားပါစေ။
၃။ အသိတရား ချိမသွားစေ။
အဲဒါမှ လောကကျက်သရေ။
ရွှေစကားကြီး ၃-ခွန်း
၁။ သစ်ပင်ကြီးလဲ မလဲစေနဲ့။
၂။ မြစ်ရေကြီးလဲ မခမ်းစေနဲ့။
၃။ ထုံးအိုးကြီးလဲ မကွဲစေနဲ့။
ရွေစကားကြီး ၅-ခွန်း
၁။ လက်အုပ်သုံးခါတီး။
၂။ ငါးဟင်းကြီး များများစား။
၃။ စိုက်ပျိုးရေးနေ့စဉ်လုပ်။
၎။ ရေအေးဝအောင်သောက်။
၅။ တောင်ဝှေးသုံးခါထောက်။
သက်ရှည်ကျန်းမာနိဗ်ဗာန်ရောက်။

အချစ်ဆေး ၅-လုံး
၁။ မျက်နှာဖြင့် ပြုံးပြ။
၂။ နှုတ်ဖြင့် ချီးမွမ်း။
၃။ နှလုံးသားဖြင့် နားလည်။
၎။ မျက်လုံးဖြင့် ကောင်းမြင်။
၅။ ကိုယ်ဖြင့် ကူညီ။
စ-သုံးလုံး
၁။ စည်းကမ်းရှိရမယ်။
၂။ စည်းမျဉ်းရှိရမယ်။
၃။ စည်းရုံးရေးရှိရမယ်။

ခရီးသွား ၃-ယောက်
၁။ ပကတိခရီးသည် ပစ္စည်းရိက္ခာလို။
၂။ ဘ၀ခရီးသည် အတတ်ပညာရိက္ခာလို။
၃။ သံသရာခရီးသည် အသိပညာရိက္ခာလို။

သမား ၃-ယောက်
၁။ အထမ်းသမား။
၂။ အရမ်းသမား။
၃။ အစွမ်းသမား။

ပ-သုံးလုံး
၁။ ပိုက်ဆံ
၂။ ပညာ
၃။ ပျော်ရွှင်မှု။
အားလုံးရွှင်လန်းချမ်းမြေ့ပါစေ။
လက်ရှိယောဂီအရေအတွက်
ပထမအကြိမ် သိမ်တောင် ၃၆
ဒုတိယအကြိမ် သိမ်တောင် ၂၆
တတိယအကြိမ် ကျောင်းကြီးစု၊ ၀ါးပြား ၄၈
စတုတ္ထအကြိမ် သိမ်တောင် ၄၁
ပဉ္စမအကြိမ် ကျောင်းကြီးစု ရွှေသူဌေးကုန်း ၅၂
ဆဋ္ဌမအကြိမ် ကံသာရပ်၊ ကံသာဓမ္မာရုံ ၆၈
သတ္တမအကြိမ် ၀မ်းတွင်းမြို့နယ်၊ အောင်သာကျေးရွာ၆၉
အဋ္ဌမအကြိမ် မြို့မရပ်၊ စည်ပင်ဝန်း ၃၈
န၀မအကြိမ် ချမ်းသာရပ်၊ ဘုရားကိုးဆူဓမ္မာရုံ ၆၁
ဒသမအကြိမ် ကျောင်းကြီးစု၊ ဟံသာဦး ၈၉
စုစုပေါင်းယောဂီအရေအတွက် ၅၃၁
ဝတ်ဖွင့်/၀တ်သိမ်း တရားဦးဓမ္မစကြာသင်တန်းတို့ကို ဆက်လက်ဖွင့်လှစ် သင်ကြားသွားပါမည်။
သင်းတန်းမှူးဆရာတော်ဘဒ္ဒန္တနန္ဒောဘာသ
(သာသနဓဇဓမ္မာစရိယ၊ ၀ိသိဋ္ဌ၀ိနယ၀ိဒူ)
(သာသနဓဇဓမ္မာစရိယ၊ ၀ိသိဋ္ဌ၀ိနယ၀ိဒူ)
သိမ်တောင်ပရိယတ္တိစာသင်တိုက်
ဘုရားကြီးတက်လမ်း၊ ချမ်းသာရပ်၊ တောင်ကြီးမြို့။
ဖုန်း -၀၉ ၄၂၈၃၃၇၉၉၇
0 comments:
Post a Comment