ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ မြို့နယ်ဓမ္မစကူးလ်များ ရေရှည်တည်တံ့ပြန့်ပွားတိုးတက်ဖွံ့ဖြိုးရေးကော်မတီ

Tuesday, September 1, 2015

၃၀ ၈-၂၀၁၅ တနင်္ဂနွေနေ့

၃၀ ၈-၂၀၁၅ တနင်္ဂနွေနေ့
ဓမ္မရောင်စဉ်အသင်းမှ ကြီးမှူး၍
၅၄ နှစ်မြောက် နိုင်ငံတော်ဘာသာနေ့
မေတ္တာအခါတော်အခမ်းအနားကို စည်းကာသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။



 



၂၅ ၉ ၂၀၁၅ ပလီလင်း ထာဝရဓမ္မရိပ်သာပရိယတ္တိစာသင်တိုက်

၂၅ ၉ ၂၀၁၅ ပလီလင်း ထာဝရဓမ္မရိပ်သာပရိယတ္တိစာသင်တိုက်
၁၀/ ၁၁ ကြိမ် ဓမ္မစကူးလ်ဆရာဖြစ်သင်တန်း တက်ရောက်ကြမည့် ဌာနအလိုက်သင်တန်းဆရာ/ဆရာမများစာရင်း (အဖွဲ့ ၂ ၊ရဟန်း- ၄၊ ကျား-၉၊ မ-၄၇၊ ၆၀ ဦး)





ဆရာတော်ဦးတေဇိန္ဒ(ရွှေစေတီ) ဘုန်းတော် ၆ ပါး ဖြေကြားလိုက်ပါတယ်ဘုရား

မြတ်ဗုဒ္ဓ၏ ဘုန်းတော်ခြောက်ပါး


မြတ်စွာဘုရားရှင်သည် သူတကာတို့ထက်သာလွန်သော ဘုန်းတော်(၆)ပါး နှင့် ပြည့်စုံတော်မူသည်မှာ
(၁)။ ဣဿရိယဘုန်းတော်- မြတ်စွာဘုရားရှင်၏ စိတ်တော်သည် ကိုယ်တော်မြတ်၏ အလိုအတိုင်းလောကီ ဈာန်၊ သမာပါတ်နှင့်တကွ တန်ခိုးပြာ
ဋိဟာ ပြတော်မူရာ၌ဖြစ်စေ၊ (နိဗ္ဗာန်)ကို လိုအပ်သလို ဝင်စားနေရာ၌ ဖြစ်စေ အစိုးရတော်မူခြင်း။
(၂)။ဓမ္မဘုန်းတော်
ထူးခြားမြင့်မြတ်သည့် တရားတော်ကိုဟောနိုင်ခြင်း၊ မဂ်လေးပါး ၊ ဖိုလ်လေးပါးနှင့် နိဗ္ဗာန်တရားများကို ဗြဟ္မာ နတ်လူတို့အား တစ်ဦး၏ စရိုက်နှင့် လျော်ညီစွာ ဟောပြနိုင်ခြင်း။
(၃)။ယသဘုန်းတော်
နတ်ပြည်၊ ဗြဟ္မာ့ပြည်များသို့ သွားရောက်နိုင်သဖြင့် လူ့ပြည် ၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်များတိုင်အောင် ဂုဏ်သတင်း ပျံ့နှံ့အောင် ကျော်ကြားတော်မူခြင်း။
(၄)။သီရိဘုန်းတော်
လူ နတ် ဗြဟ္မာတို့ ဖူးမျှော်၍ပင် မဝနိုင်လောက်အောင် ကိုယ်ကာယတော်သည် (၃၂)ပါး သော လက္ခဏာ တော်ကြီး (၈၀)သော လက္ခဏာငယ်များဖြင့် ကိုယ်ရည်ကိုယ်သွေးအရောင်တော်၊ ရောင်ခြည်တော်တို့ရှိ၍ အလွန်သပ္ပါယ်စွာရှိနေတော်မူခြင်း။
(၅)။ ကာမဘုန်းတော်
အလိုရှိပါက မိမိအတွက်ဖြစ်စေ သူတစ်ပါးအတွက်ဖြစ်စေ လိုလားတောင်းတသမျှ လုံးဝဥဿုံ ပြီးပြည့်စုံတော်မူခြင်း။
(၆)။ ပယတ္တဘုန်းတော်
ဗြဟ္မာနှင့်နတ်တို့ထက် သာလွန်သောဘုန်းတော်ရှိပြီး ဗြဟ္မာနတ်လူ တို့အား(နိဗ္ဗာန်)သို့ ကျွတ်တန်းဝင်နိုင်အောင် ဟောပြနိုင်ခြင်း၊ တစ်ညလျှင်(၄)နာရီမျှသာ ခေတ္တအိပ်စက်တော်မူပြီး(၄၅)ဝါ ကာလပတ်လုံး လုံးလ ဝီရိယကြီးစွာ လူ၊ နတ်၊ ဗြဟ္မာသတ္တဝါတို့အား နိဗ္ဗာန်သို့ ရောက်အောင် ဟောပြပို့ဆောင်တော်မူခြင်း။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများပြည့်ဝကြပါစေ။
                                                        အရှင်နန္ဒောဘာသ(ဓမ္မရောင်စဉ်)
 

၂၅ ၉ ၂၀၁၅ ပလီလင်း ထာဝရဓမ္မရိပ်သာပရိယတ္တိစာသင်တိုက်

၂၅ ၉ ၂၀၁၅ ပလီလင်း ထာဝရဓမ္မရိပ်သာပရိယတ္တိစာသင်တိုက်
၁၀/ ၁၁ ကြိမ် ဓမ္မစကူးလ်ဆရာဖြစ်သင်တန်း တက်ရောက်ကြမည့် ဌာနအလိုက်သင်တန်းဆရာ/ဆရာမများစာရင်း (အဖွဲ့ ၁ ၊ရဟန်း- ၈၊ ကျား-၇၊ မ-၄၅၊ ၆၀ ဦး)






၅-၉-၂၀၁၅ စနေနေ့ မြို့နယ်ဓမ္မစကူးလ်လပတ်စုံညီအစည်းအဝေးဖိတ်ကြားလွှာ

၅-၉-၂၀၁၅ စနေနေ့ မြို့နယ်ဓမ္မစကူးလ်လပတ်စုံညီအစည်းအဝေးဖိတ်ကြားလွှာ
၅-၉-၂၀၁၅ စနေနေ့ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့၊ မြို့နယ်ဓမ္မစကူးလ်များ ရေရှည်တည်တံ့ပြန့်ပွားတိုးတက်ဖွံ့ဖြိုးရေးကော်မတီမှ လပတ်စုံညီအစည်းအဝေးကို မြို့နယ်ဓမ္မစကူးလ်ရုံးခန်းအပေါ်ထက်၌ နေ့လည် ၁-နာရီ အချိန်တိတိတွင် ကျင်းပသွားမည် ဖြစ်ပါသောကြောင့် တောင်ကြီးမြို့နယ် မြို့နယ်ဓမ္မစကူးလ်ဌာနများမှ ဆရာ ဆရာမများအားလုံး အစည်းအဝေးတက်ရောက်ပေးပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

တောင်ကြီးမြို့၊ မြို့နယ်ဓမ္မစကူးလ်ကော်မတီ

နေ့တိုင်းဘ၀သစ် စနိုင်သည်. Powered by Blogger.
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Bluehost Review