ကိုးတိုင်း ကိုးဌာန တို့မှာ
(၁) ကသ္မီရ- ဂန္ဓာရတိုင်း
(၂)
မဟိံသကတိုင်း
(၃) နဝါဒါသီတိုင်း
(၄) မဟာရဋ္ဌတိုင်း
(၅) အပရ
န္တတိုင်း
(၆) ယောနကတိုင်း
(၇) စိနရဋ္ဌ (ချိန) ခေါ် စိန့်တိုင်း
၅-ရပ်
(၈) သုဝဏ္ဏဘူမိ တိုင်း
(၉) တမ္ဗဒီပ ခေါ် သီဟိုဠ်ကျွန်း
တို့ဖြစ်ကြသည်။
ထိုသို့စေလွတ်ရာ သုဝ`ဏ္ဏဘူမိတိုင်းသို့
အရှင်သောဏထေရ်နှင့်အရှင်ဥတ္တရထေရ် ၂-ပါးတို့ ဦးဆောင်ကာ
အဖွဲ့ဝင်သံဃာ
၃-ပါးနှင့်ပေါင်း ၅-ပါးတို့ မြန်မာနိုင်ငံ ၊ မွန်တို့၏ အဓိပတိ ရွှေမြေ ၊
သုဝဏ္ဏဘူမိမြို့ ၊ကေလာသ
တောင်သို့ ကြွရောက်ကာဗြဟ္မဇာလသုတ္တန်ကို
ရာမညတိုင်းသား မွန်လူမျိုးတို့အား စတင်ဟောကြားခြင်းဖြင့်
မြန်မာပြည်သို့
ဗုဒ္ဓဘာသာ စတင်ဝင်ရောက်သည်။
ထို မွန်တို့ဌာနေ ၊ ရာမညတိုင်း
၊သုဝဏ္ဏဘူမိမြို့၏ အဓိပတိ ဘုရင်မှာ သီရိမာသောက မင်း ဖြစ်သည်။
မွန်ဘုရင်
သုဝဏ္ဏဘူမိပြည့်ရှင် သီရိမာသောက မင်းမှ သည် မနူဟာ မင်းအထိ သာသနာနှစ် ၂၃၅
မှ ၁၆၀၀ တိုင် မွန်တို့ဌာနေ ၊ ရာမညတိုင်းတွင် ဗုဒ္ဓသာသနာတော် နေလိုလလို
ထွန်းတောက်နေချိန် -
သာသနာတော် သက္ကရာဇ် ၁၆၀၁ ၊ သက္ကရာဇ် ၄၁၉
တွင် အရိမဒ္ဒနာ ပုဂံပြည်ကြီးကို အစိုးရသော အနော်ရထာမင်းစောသည်
ရာမညတိုင်းတလိုင်းသုံးရပ်ကို အောင်မြင်၍ ပိ`ဋကတ် ၃ ပုံနှင့်တကွ
ရဟန်းသဃာကို ဆောင်ယူ၍
အရိမဒ္ဒနာ ပုဂံပြည်ကြီးဉ်
သာသနာတော်မြတ်ကိုတည်စေသည်။
Friday, June 5, 2015
ကိုးတိုင်း ကိုးဌာန မေး- ဓမ္မစကူးလ်ဆရာ/ဆရာမများ စွမ်းရည်မြှင့် ၀မ်းစာဖြည့် မွမ်းမံသင်တန်း သင်တန်းဆင်း ဆရာ/ဆရာမများ
နေ့တိုင်းဘ၀သစ် စနိုင်သည်. Powered by Blogger.
0 comments:
Post a Comment