မျောက်ငါးကောင်း၏ ပုံပြင်
စမ်းသပ်မှုတစ်ခုမှာ
လူတွေက မျောက်ငါးကောင်ကို လှောင်အိမ်တစ်ခုထဲထည့်ပြီး လှောင်အိမ်ထိပ်မှာ
ငှက်ပျောသီးတစ်ခိုင်ကို ချိတ်ဆွဲထားလိုက်တယ်။ လှောင်အိမ်မှာ
အော်တိုစမ်းသပ်ခလုတ်တစ်ခုလဲ တပ်ဆင်ထားပြီး မျောက်တွေက ငှက်ပျောသီးကို
သွားယူမယ်ကြံတိုင်း ရေနဲ့အပက်ခံကြရတယ်။
စစချင်း
မျောက်တစ်ကောင်က ငှက်ပျောသီးကိုယူဖို့ကြံတော့ ရေနဲ့ပက်ခံလိုက်ရတယ်။
မျောက်ငါးကောင်လုံး ရေတွေ စိုကုန်တာပေါ့။ ကျန်တဲ့မျောက်တွေလည်း
စမ်းကြည့်ကြတယ်။ ရေပက်ခံရတာပဲ အဖတ်တင်ခဲ့တယ်။ ဒါနဲ့ မျောက်တွေက
ငှက်ပျောသီးကိုမယူရင် ရေပက်မခံရဘူး.. ဒါကြောင့် ငှက်ပျောသီးကို သွားမယူဖို့
အားလုံးက သဘောတူဆုံးဖြတ်လိုက်ကြတယ်။
နောက်တော့ စမ်းသပ်တဲ့လူတွေက
မျောက်တစ်ကောင်ကို အသစ်တစ်ကောင်နဲ့ လဲလိုက်တယ်။ (မျောက်ညိုလို့ ဆိုပါစို့)။
လှောင်အိမ်ထဲအသွင်းခံရတဲ့ မျောက်ညိုဟာ ငှက်ပျောသီးကိုမြင်တာနဲ့ ချက်ချင်းသွားယူမလို့ပါပဲ။ ဒါပေမယ့်
တစ်ကောင်ကောင်က...