
10:44 PM

အရှင်နန္ဒောဘာသ (ဓမ္မရောင်စဉ်)
No comments

ရှေးတုန်းက ဆင်ခြင်တုန်တရားကင်းမဲ့တဲ့ လူတစ်ယောက်ရှိခဲ့တယ်။ တစ်နေ့ နေမကောင်းလို့ ဆရာဝန် သွားကြည့်တော့ ဆရာဝန်က တစ်ပတ်လောက် အနားယူပြီး ဆေးသောက်ဖို့ ဆေးတစ်ပုလင်းပေးလိုက်တယ်။
လူနာက အိမ်ပြန်ရောက်တာနဲ့ ဆရာဝန်မှာကြားတဲ့အတိုင်း အိပ်ရာပေါ်မှာ အနားယူသော်လည်း ဆရာဝန် မှာကြားတဲ့အတိုင်း ဆေးမသောက်ပဲ ဆေးပုလင်းကိုပဲ ကြည့်နေသတဲ့။
နေ့ရက်တွေ ကုန်းဆုန်းသွားသော်လည်း ရောဂါက သက်သာလာခြင်းမရှိဘူးတဲ့။ ဒီတော့ လူနာက ဆရာဝန် အပေါ်မှာ သံသယဖြစ်လာပြီး ဆေးကလည်း ဘာမှ အကျိုးသက်ရောက်မှုမရှိဘူးလို့ ထင်လာတယ်။
အဲဒီနောက် ဆေးပုလင်းပေါ်မှာ ဆေးညွှန်း အသေးစိတ်ရေးထားတာကို တွေ့ရတယ်။
လူနာက.. “ အိမ်း…. လို့ သက်ပြင်ချပြီး .. ဆေးပုလင်းက ဆေးညွှန်းကို ဖတ်ဖို့ မေ့နေတာပဲလို့ တွေးထင်ပြီး တစ်နေ့ကို သုံးကြိမ် ဆေးညွှန်းစာကို နေ့တိုင်းဖတ်တော့တာပါပဲ။ သို့သော်လည်း ရောဂါကတော့ ဘာမှ ထူးထူးခြားခြား သက်သာလာခြင်းမရှိပါဘူး။ ရောဂါသည်ပိုပြီး စိတ်ဆင်းရဲလာပါတော့တယ်။
အမှန်တကယ်တော့ ဒီအဖြစ်အပျက်မှာ ဆရာဝန်နဲ့ ဆေးမှာ ဘာမှ မှားယွင်းခြင်းမရှိပါဘူး။ ပြဿနာကတော့ လူနာကိုယ်တိုင်က ဆရာဝန်ရဲ့ ဆေးကို သေသေချာချာ ညွှန်ကြားချက်တိုင်း မသောက်လို့ပေါ့။
ထို့အတူ. ကျူပ်တို့အားလုံး အဲဒီလူနာလိုပါပဲ ကျုပ်တို့ စိတ်ရောဂါတွေရဲ့ ရင်းမြစ်ဖြစ်တဲ့ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ ရောဂါတွေဖြစ်နေရတယ်။ ကျုပ်တို့ ဘုရားထံသွားပြီး ရောဂါပျောက်ဆေး လို့ ခေါ်ရတဲ့ တရားတွေ နာ ယူကြတယ်။
မြတ်စွာဘုရားရဲ့ တရားတော်တွေကို နာယူပြီး ညွှန်ကြားတဲ့အတိုင်း မလိုက်နာ မကျင့်သုံးရင် ပုံပြင်ထဲက ရောဂါသည်လိုပါပဲ ဘယ်တော့မှ ဘဝရောဂါတွေက ထွက်မြောက်နိုင်မှာ မဟုတ်ပါဘူး။
0 comments:
Post a Comment