မီဒီယာတစ်ခုက
မေးတယ်
"ဓမ္မစကူးလ်သင်တန်းတက်တဲ့အတွက်
ဘယ်လိုအကျိုးထူးတွေကို ရရှိပါသလဲ " တဲ့ …
အကျိုးထူးတွေကို
ကိုယ်ကပြောပြနေလျှင်
အများကြီးပြောပြနေရမှာဖြစ်တာကတကြောင်း၊
"ကိုယ့်ငါးချဉ်
ကိုယ်ချဉ်" ရာကျမှာက တကြောင်းမို့
"ခင်ဗျားဘေးက
ကျောင်းသားမိဘရဲ့ ကိုယ်တွေ့ကိုသာ မေးကြည့်လိုက်ပါ" လို့ပဲ
ညွှန်လိုက်တယ်…
ဓမ္မစကူးလ်တက်ခြင်းကြောင့်
ရရှိတဲ့အကျိုးတွေက
သင်ပြတဲ့ဆရာ/ဆရာမအပေါ်မှာမူတည်ပြီး
ဆရာ/ဆရာမက တော်လျှင်တော်သလို ရရှိကြတာမို့ တန်းစီပြီးပြောမယ်ဆိုရင် ပြောပြလို့ မကုန်နိုင်အောင်
အများ အများကြီးပါပဲ …
ဒါကြောင့်
-
"ဤဆိုင်က
လက်ရာမကောင်းလျှင် ကျွန်ုပ်ကိုပြောပါ၊ ကောင်းလျှင် သင်၏မိတ်ဆွေတွေကို ပြောပြလိုက်ပါ"ဆိုတဲ့
စာတန်းလေးကို နည်းမှီပြီးပြောရလျှင်-
"ဓမ္မစကူးလ်သင်တန်းတက်တာမှာ
ဘာမျှမပြောင်းလဲဘူး မကောင်းဘူးဆိုလျှင် ကျွန်ုပ်ကိုအားမနာတမ်း လာပြောပါ ၊ ကောင်းတယ်ဆိုလျှင်တော့
သင်၏ မိတ်ဆွေတွေကိုလည်း ကိုယ်တွေ့ဖြစ်ရပ်လေးတွေနဲ့ တဆင့်ပြောပြပေးလိုက်ပါ"
အားလုံးပဲစိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေ။
လူမုန်း (ဓမ္မရောင်စဉ်)
0 comments:
Post a Comment