မြန်မာလူ့ဘောင်အဖွဲ့အစည်းက ဆရာဟုခ်ါဆိုရာတွင် ဆရာဖြစ်သင်တန်းတစ်ခုခုက ဆရာဖြစ်သင်တန်း ဆင်း လက်မှတ်တစ်ခုရရုံဖြင့် ထိုသူကိုဆရာဟူ၍မသတ်မှတ် ။ စာပေသင်ကြားမှုအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း
ပြုရုံမျှနှင့်လည်း ဆရာဟူ၍ မရည်ညွှန်း မခေါ်ဆို ။ မြန်မာ့ လှု့ဘောင်အဖွဲ့
အစည်း တွင် ဆရာဟူ၍ အမည်ခံ ထိုက်ရန် ခဲယဉ်း၏ ။
မြန်မာလူ့ဘောင်အဖွဲ့အစည်း မှ ဆရာမည်ထိုက်သူသည် မိမိ တတ်ကျွမ်းသော ပညာကို တပည့်တို့ အား ကြိုးစားသင်ကြားပေးရုံမျှ မက ....
၁။ ဆရာဟူသည် အကျင့်သီလနှင့် ပြည့်စုံ၍ အများက အလေးဂရုပြုအပ်သူလည်း ဖြစ်ရမည် ။
၂။ ဆရာဟူသည် သမာဓိနှင့် ပြည့်စုံ၍ အများက အလေးဂရုပြုအပ်သူလည်း ဖြစ်ရမည် ။
၃။ ဆရာဟူသည် ပညာနှင့် ပြည့်စုံ၍ ချီးမွမ်းဖွယ်ရာ ပုဂ္ဂိုလ်လည်း ဖြစ်ရမည်။
၎။ ဆရာဟူသည် တပည့်များက ကိုယ်နှုတ်နှလုံး သုံးပါးတွင် တစ်ခုခုဖြင့် မသင့်မလျော် ပြုမူဆက်ဆံ ပြောဆိုတွေးဆမှုများရှိပါက လျစ်လျူရှုမထားဘဲ လမ်းကောင်းလမ်းမှန်သို့ ပို့ဆောင်ပေးနိုင်သူ ဖြစ်ရမည်။
၅။ ဆရာဟူသည် မိမိ တပည့်များ ၏ အကျိုးစီးပွား ကို လိုလား၍ သည်းခံနိုင်သူ ၊ အမျက်ဒေါသ ကင်းသူ ဖြစ်ရန်လည်း လိုအပ်ပါသည်။
****စာရေးဆရာ ချစ်စံဝင်း၏ ....မြန်မာကျောင်းဆရာ- စာအုပ် စာမျက်နှာ ၁၀-၁၁ .....မှ****

ဆရာနှင့်ပတ်သက်၍ ရှေးစာဆို အကျော်အမော်များ ၏ ဖွဲ့ဆိုချက်များ .....
ဆရာတော် အရှင်မဟာသီလ၀ံသ ......
တိလောကဟု၊ မရနှိုင်းတူ
ဘက်မပြူသည် ၊ သုံးဆူ ရတနာ
မာတာပီတ ၊ ဆရာ စသား
အရှင်များ ..........ဟုဖွဲ့ဆိုခဲ့ပါသည် ။
မန်လည်ဆရာတော်ကြီး ......
ရှေးရှုမေတ္တာ ၊ ကရုဏာနှင့်
နာနာကျင်ကျင် ၊ အပြစ်မြင်တိုင်း
ဝမ်းတွင်မသို ၊ ဟုတ်တိုင်းဆို၍
ကျိုးလိုစိတ်က ၊ ဆုံးမ တတ်သူ
ဆရာဟူလော့...ဟု
ဆရာတော် အရှင်မဟာသီလ၀ံသ ......
တိလောကဟု၊ မရနှိုင်းတူ
ဘက်မပြူသည် ၊ သုံးဆူ ရတနာ
မာတာပီတ ၊ ဆရာ စသား
အရှင်များ ..........ဟုဖွဲ့ဆိုခဲ့ပါသည် ။
မန်လည်ဆရာတော်ကြီး ......
ရှေးရှုမေတ္တာ ၊ ကရုဏာနှင့်
နာနာကျင်ကျင် ၊ အပြစ်မြင်တိုင်း
ဝမ်းတွင်မသို ၊ ဟုတ်တိုင်းဆို၍
ကျိုးလိုစိတ်က ၊ ဆုံးမ တတ်သူ
ဆရာဟူလော့...ဟု
မာဃဒေ၀လင်္ကာ..မှာ ဆရာတို့ရဲ့ဂုဏ်အင်္ဂါကိုဖေါ်ထုတ်ပါသည်။ ဆက်လက်ပြီး .....
ရိုသေချစ်ထိုက်
ချီးမွမ်းထိုက်နှင့် လွှဲရိုက်ဆုံးမ
မေးသမျှခံ ၊ ဓမ္မံနက်နဲ
ဟောနိုင်မြဲ၍ ကျိုးနည်းမတွန့်
ခုနှစ်ခန်း နှင့် ပြည့်လျှမ်းညီညာ
မြတ်ဆရာ.........ဟု ထပ်မံ ဖွဲ့ဆိုခဲ့ပါသည်။
သိင်္ဂါလောဝါဒ သုတ်တွင် ဆရာဝတ္တရားနှင့် ပတ်သက်၍
အတတ်လည်းသင်
ပဲ့ပြင်ဆုံးမ
သိပ္ပမချန်
ဘေးရန်ဆီးကာ
သင့်ရာအပ်ဖို့
ဆရာတို့ကျင့်ဖို့ ၀တ်ငါးဖြာ ...ဟု ရေးသားထားပါသည်။

ကျွန်တော်ဖတ်ဘူးတဲ့ကဗျာလေးထဲမှာလည်း ဆရာတွေအတွက် ဒီလိုသတိပေးထားတယ်
သတိ
ဆေးအပ်ကိုင်လက်
အမှားဖက်က
ကြွေပျက်ခန္ဓာ
တစ်ယောက်သာတည့်
မြေဖြူကိုင်လက်
အမှားဖက်က
ကြွေပျက်ဆိတ်သုဉ်း
ဘဝဆုံးမည်
အားလုံးနိမ့်ကျ လူ့လောက။
ဓမ္မစကူးလ်ပေါ်လာပြီ
ပြည်မြန်မာသာယာစေဖို့
ဓမ္မစကူးလ်ပေါ်လာပြီ
အသိဥာဏ်တွေဖွံ့ဖြိုးစေဖို့
ပို့ကြကိုယ်စီ။
မြတ်ဗုဒ္ဓ.....ဘာသာတံဆိပ်
ခပ်နှိပ်ကြ.....တို့မြန်ပြည်
သိစေကွဲ့လူအများ
လူငယ်တွေ
ဘာသာချစ်စေဖို့
(တို့မြို့ရွာ) ဓမ္မစကူးလ်မှာလ
အရာရာမခက်ခဲရလေအောင်
ဆရာဒကာ
ညီညာစွာလက်တွဲလို့ရယ်
နွဲ...နွဲ...နွဲ ကြစို့လား။
အားလုံးပဲစိတ်၏ချမ်းသာခြင်း၊ ကိုယ့်၏ကျန်းမာခြင်းပြည့်စုံပြီး
အများအကျိုးကိုဆထက်ထမ်းပိုးသယ်ရွက်နိုင်သူများဖြစ်ကြပါစေ။
လူမုန်း (ဓမ္မရောင်စဉ်)
0 comments:
Post a Comment