ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ မြို့နယ်ဓမ္မစကူးလ်များ ရေရှည်တည်တံ့ပြန့်ပွားတိုးတက်ဖွံ့ဖြိုးရေးကော်မတီ

Tuesday, May 26, 2015

24-5-2015 တနင်္ဂနွေနေ့ နေ့လည် ၁-နာရီ ကော်မတီအစည်းအဝေး

သာသနာတော်နှစ် ၂၅၅၉-ခှုနှစ်၊ ကောဇာ ၁၃၇၇-ခုနှစ်၊ နယုန်လဆန်း (၇)ရက်၊ ၂၄-၅-၂၀၁၅ တနင်္ဂနွေနေ့။ တောင်ကြီးမြို့၊ မြို့နယ်ဓမ္မစကူးလ်များရေရှည်တည်တံ့ပြန့်ပွားတိုးတက်ဖွံ့ဖြိုးရေးကော်မတီ စုံညီအစည်းအဝေး နေ့လည် ၁-နာရီအချိန်တွင် ကျင်းပခဲ့ပါသည်။
အစည်းအဝေးတွင် ကော်မတီအတွင်းရေးမှူးဆရာတော်ဘုရားအထံမှ သြ၀ါဒကထာနာယူခြင်း။ ကော်မတီလူကြီးများမှ ဓမ္မစကူးလ်နှင့်ဆိုင်ရာအကြံပြုဆွေးနွေးခြင်း ဓမ္မစကူးလ်သင်တန်းဆရာ/ဆရာမများမှ ဓမ္မစကူးလ်ဖောင်ဒေးရှင်း ၃-နှစ်ပြည့်ညီလာခံအတွေ့အကြုံများ မျှဝေခြင်း စာရင်းရှင်းတမ်းများ ဖတ်ကြားခြင်းနှင့် သင်တန်းမှူးဆရာတော်ဦးနန္ဒောဘာသမှ ဓမ္မစကူးလ်ဆရာ/ဆရာမများစွမ်းရည်မြှင့် ၀မ်းစာဖြည့် မွမ်းမံသင်တန်းကို ၂၇- ၅-၂၀၁၅ မှ ၂-၆-၂၀၁၅ အထိ ၇-ရက်တိုင်တိုင် နံနက် ၇-နာရီမှ ညနေ ၅-နာရီအထိ သင်ကြားပို့ချသွားမည်ကို အတည်ပြုခြင်း။ မွမ်းမံသင်တန်းအတွက် ကော်မတီမှ ၂-သိန်းကျပ်လှူဒါန်းခြင်း အကြံပြုဆွေးနွေးရာ၌ အတွင်းရေးမှူးဆရာတော်မှ နောင်နှစ်ညီလာခံအစည်းအဝေးလိုက်သော ဆရာ/ဆရာမများအားလုံး အစည်းအဝေးကို အစမှ အဆုံးတိုင် နေပေးသင့်ကြောင်း စသောအကြံပြုဆွေးနွေးချက်များးကို ဆွေးနွေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

0 comments:

Post a Comment

နေ့တိုင်းဘ၀သစ် စနိုင်သည်. Powered by Blogger.
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Bluehost Review