ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ မြို့နယ်ဓမ္မစကူးလ်များ ရေရှည်တည်တံ့ပြန့်ပွားတိုးတက်ဖွံ့ဖြိုးရေးကော်မတီ

Wednesday, November 25, 2015

တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)




ဂေါတမမြတ်စွာဘုရားက အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် သာမညဖလသုတ္တန် တရားတော် ဟောကြားတော်မူသည်ကို အကြောင်းပြု၍ သာမညဖလအခါတော်နေ့ဟု ခေါ်တွင်ကြပါသည်။

သာမညဖလဆိုသည်မှာ ရဟန်းပြုခြင်း၏ အကျိုးဟု အဓိပ္ပါယ်ရပါသည်။ ရဟန်းပြုခြင်း၏အကျိုးကို ဟောကြားသောနေ့ဖြစ်၍ တန်ဆောင်မုန်းလပြည့်နေ့ကို သံဃာတော်နေ့များဟု ခေါ်ဆိုနိုင်ပါသည်။ သာမညဖလသုတ်သည် ဒီဃနိကာယ် သီလက္ခန္ဓ၀ဂ္ဂ ပါဠိတော်၌ လာရှိပါသည်။ သာမညဖလသုတ်သည် ရဟန်းသံဃာတော်များအဖို့ ကြေးမုံမှန်ချပ်ကြီးသဖွယ်ဖြစ်၍ ကိုယ်ကျင့်သီလရှိသည် မရှိသည်ကို ဤသုတ်ဖြင့် ထင်ဟပ်စေနိုင်ပါသည်။

သာမညဖလသုတ်သည် လူဒါယကာများအဖို့ ပြဒါးချိန်ကြီးသဖွယ်ဖြစ်၍ မိမိတို့ ကိုးကွယ်နေသော ဆရာသမားများ၏ ကျင့်ကြံနေထိုင်မှု ဟုတ် မဟုတ်၊ မှန် မမှန်ကို ဤသုတ္တန်ဖြင့် ချိန်ကိုက်ကြည့်နိုင်ပါသည်။ အဇာတသတ် မင်းသားသည် ဒေ၀ဒတ်ကို ဆရာတင်မိ၍ အပေါင်းမှားပြီး ဖခင်ဖြစ်သူ ဗိမ္ဗိသာရမင်းကြီးကို သတ်မိသောကြောင့် ကံကြီးထိုက်ပြီး အိပ်မပျော်သောဝဒနာ စွဲကပ်ခဲ့ပါသည်။

ယင်းဝေဒနာကို ကုစားရင်း အမတ်များ၏ အကြံပြုချက်အရ တိတ္ထိဆရာကြီး ခြောက်ယောက်တို့ထံ သွားရောက်ပြီး ရဟန်းပြုခြင်း၏အကျိုး (သာမညဖလ) ကို စုံစမ်းမေးမြန်းရာ ကျေနပ်လောက်သော အဖြေကို မရရှိခဲ့ပါ။ နောက်ဆုံး သမားတော်ကြီး ဇီဝက၏ အကြံပေးချက်အရရာဇဂြိုဟ်မြို့အနီး ဇီဝကလှူဒါန်းထားသော သရက်ဥယျာဉ်တော၌ သီတင်းသုံးလျက်ရှိသော မြတ်စွာဘုရားထံသို့ သွားရောက်ပြီး လျှောက်ထားသောအခါမှ သူသိလိုသော ရဟန်းပြုခြင်းအကျိုး (သာမညဖလ) ကို သိရှိရပါတော့သည်။

အဇာတသတ်မင်းသည် သာမညဖလသုတ် တရားတော်ကို ကြားနာရသည့်အချိန်မှစ၍ ဗုဒ္ဓသာသနာတော်ကို သက်ဝင်ယုံကြည်လာပြီး ပုထုဇဉ်များထဲမှ ရတနာသုံးပါးကို အကြည်ညိုဆုံးပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပါသည်။ အဇာတသတ်မင်းသည် သာမညဖလသုတ် တရားတော်ကို ကြားနာရ၍ သူ့အပြစ်ကို ကုစားခဲ့သောကြောင့် အပြစ်ကြီးလေးသော မဟာအ၀ီဝိငရဲတွင် မကျတော့ဘဲ
အပြစ်ဒါဏ်ပေါ့သော လောဟကုမ္ဘီငရဲ၌သာ ကျရောက်ပြီး နောင်သောအခါ “ ၀ိဇိတာဝီ ” မည်သော ပစ္စေကဗုဒ္ဓါဖြစ်၍ ကျွတ်တမ်းဝင်ရပါလိမ့်မည်။

အဇာတသတ် မင်းတရားသည် ပထမသင်္ဂါယနာတင် ဒါယကာအဖြစ် ခံယူခဲ့ခြင်း၊ မြတ်စွာဘုရား၏ ဓာတ်တော်များကို စုဆောင်းသိမ်းဆည်း၍ ဓာတ်တော်တိုက်ကြီး တည်ထားခဲ့ခြင်း၊ ဗုဒ္ဓသာသနာကို အတိအကျ သတ်မှတ်ခဲ့ခြင်း၊ သာသနာပြု လုပ်ငန်းကြီးသုံးရပ်ကို လုပ်ဆောင်ခဲ့သည်မှာဗုဒ္ဓဘာသာဝင်များအတွက် ကျေးဇူးကြီးလှပေသည်။

ပိဋကတ်တော်များကို မပျက်မစီးရအောင် သင်္ဂါယနာ အဆက်ဆက်တင်၍ ယနေ့တိုင်အောင် ထိန်းသိမ်းထားနိုင်ခြင်းမှာ အဇာတသတ်မင်း၏ ကျေးဇူးဟု ဆိုထိုက်ပါသည်။ အဇာတသတ်မင်း စုဆောင်းထားသော ဓာတ်တော်များကို ရှာဖွေ၍ သီရိဓမ္မာသောကမင်းကြီးက စေတီပေါင်းရှစ်သောင်းလေးထောင် တည်ထား၍ သာသနာပြုခဲ့သောကြောင့် နှောင်းခေတ် ဗုဒ္ဓဘာသာဝင်တို့ဖူးမြော်ခွင့် ရရှိနေကြခြင်း ဖြစ်ပါသည်။

{ ဦးပညာသာမိ(မာဂဓီ-သာစည်)၏ အခါတော်နေ့များမှ ကောက်နုတ်ရေးသားပါသည်။ }

“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။

မူရင်ပိုင်ရှင်များအားလုံး credit ပေးပါသည်

လူမုန်း (ဓမ္မရောင်စဉ်)

1 comments:

  1. Bet of The Day: The Best Baccarat Cards
    Baccarat is the gambling card game, and the หาเงินออนไลน์ game's popularity has continued to grow in recent years. You can play this popular variant 바카라사이트 of the game 메리트 카지노 주소 at a

    ReplyDelete

နေ့တိုင်းဘ၀သစ် စနိုင်သည်. Powered by Blogger.
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Bluehost Review