Saturday, June 27, 2015
Sunday, June 21, 2015
23 6 2015 မှ ၃၀ ၆ ၂၀၁၅ အထိ ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့ ဇောတိကာရုံကျောင်းတိုက် ပင်းတယမြို့ အမျိုးဘာသာသာသနာစောင့်ရှောက်ရေး(မ-ဘ-သ)အဖွဲ့မှ ကြီးမှူး၍ ဖွင့်လှစ်အပ်သော ဒုတိယအကြိမ် ဓမ္မစကူးလ်ဆရာ/ဆရာမများ စွမ်းရည်မြှင့် ၀မ်းစာဖြည့် မွမ်းမံ (၇)ရက်သင်တန်း ဖွင့်လှစ်သွားပါမည်။
သင်တန်းတက်ရောက်ကြမည့် ဆရာဆရာမများအနေဖြင့် (၂၃-၆-၂၀၁၅) သင်တန်းဖွင့်ပွဲအခမ်းအနားအမှီ နံနက်(၇)နာရီအချိန် အရောက်လာခဲ့ကြပါရန် လေးစားစွာဖြင့် အသိပေး အကြောင်းကြားအပ်ပါသည်။ (သင်တန်းကို ဓမ္မစကူးလ်ယူနီဖောင်းဖြင့်သာ တက်ရောက်ရပါမည်။)
Thursday, June 18, 2015
စကားအရာ အင်္ဂါ(၁၀)ပါး
စကားအရာအင်္ဂါ (၁၀) ပါး
၁။ကာလ၀ါဒီ-
ပြောချိန်ပြောခွင့်သင့်မှ ပြောဆိုခြင်း။
၂။ဘူတ၀ါဒီ-ဟုတ်မှန်သောစကားကိုသာပြောဆိုခြင်း။
၃။ဓမ္မ၀ါဒီ-တရားနှင့်စပ်သည်ကိုသာပြောဆိုခြင်း။
၎။အတ္ထ၀ါဒီ-အကျိုးနှင့်စပ်သည်ကိုသာ
ပြောဆိုခြင်း။
၅။ပိယ၀ါဒီ-ချစ်ဖွယ်သောစကားကိုသာ
ပြောဆိုခြင်း။
၆။မိဟိတပုဗ္ဗဘာဏီ-ပြုံးရွှင်ခြင်းကိုသာ
ရှေးဦးပြ၍ ပြောဆိုခြင်း။
၇။မိတာဘာဏီ-မပိုမလွန်ချင့်ချိန်၍
ပြောဆိုခြင်း။
၈။အတုရိတ၀ါဒီ-အဆောတလျင်
မပြောဆိုခြင်း။
၉။ပေါရီ-ပြည်ကြီးသူ
ပြည်ကြီးသားတို့ဓလေ့ထုံးစံကိုလိုက်၍ပြောဆိုခြင်း။
၁၀။ဝိသဒ၀ါဒီ-သန့်ရှင်းသေချာ၊ဌာန်ကရိုဏ်းကျအောင်ပြောနိုင်ခြင်း။
စကားကြီး ၁၀-ခွန်း ပထမအကြိမ်မွမ်းမံဆရာ/ဆရာမများ၏ မေးခွန်းအား ဖြေကြားခြင်း
စကားပြောဆိုရာ၌
ကျွမ်းကျင်လိမ္မာစေရန် စကားပြောနည်း ၁၀-မျိုးကို ခွဲခြား သတ်မှတ်ထားသည်။
မြန်မာလူမျိုးတို့က စကားကြီး ၁၀-မျိုးဟု ခေါ်ဆိုကြသည်။ ယင်းစကားကြီး
၁၀-မျိုး၏ အမည်ကို မုန်တိုင်ပင်ဆရာတော်က မှတ်သားရလွယ်ကူစေရန်
သုံးပုံတံချူကျမ်း၌ အောက်ပါအတိုင်း လင်္ကာစီထားပါသည်။
၃။ ရေစီးဖောင်ဆန်ပြောနည်း
၎။ အိုးတန်ဆန်ခပ်ပြောနည်း
၅။ ဆီပွတ်ကျည်ပွေ့ ပြောနည်း
၆။ ဆင်ဝှေ့ရန်ရှောင်ပြောနည်း
၇။ တောင်သူယာခုတ်ပြောနည်း
၈။ ကြက်ဆုတ်ခွပ်ပစ်ပြောနည်း
၉။ ရေစစ်ပမာ စကားပြောနည်း
၁၀။ ခက်တင်မောင်းနင်း ပြောနည်း
ရည်ညွှန်း။
... ။ ဗုဒ္ဓဘာသာ အခြေခံလက်စွဲ ဆယ်စောင်တွဲမှကူးယူဖော်ပြပါသည်..။
(၁)
ရေကူးညာတင်၊
(၂)
ကောက်ပင်ရိတ်လှီး၊
(၃)
ရေစီးဖောင်ဆန်၊
(၄)
အိုးတန်ဆန်ခပ်၊
(၅)
ဆီပွတ်ကျည်ပွေ့၊
(၆)
ဆင်ဝှေ့ရန်ရှောင်၊
(၇)
တောင်သူယာခုတ်၊
(၈)
ကြက်ဆုတ်ခွပ်ပစ်၊
(၉)
ရေစစ်သည့်အင်၊
(၁၀)
ခက်တင်မောင်းနင်း၊
အခြင်းဆယ်ပါး
ဤစကားကို မှတ်သားဝမ်းတွင်း လေ့စေမင်း။
၁။
ရေကူးညာတင် ပြောနည်း
မြစ်တဘက်မှ လိုရာဆိပ်ကမ်းသို့
ကူးလိုလျှင် မြစ်ညာကတင်၍ကူးမှ လိုရာသို့ ရောက်သကဲ့သို့ မိမိအလိုရှိရာသို့
ရောက်အောင် အထက်က တင်ကူး၍ ပြောခြင်းသည် “ရေကူးညာတင်ပြောနည်း” မည်၏။
အူထုံးရောဂါသည်ကို ကုရာ၌ ဇီဝကပြောသောစကားကို သာဓက ထုတ်အပ်၏။
လင်္ကာ
ရေကူးညာတင်၊ ထုံးပုံပြင်ကို၊ လင်္ကာကျဉ်းရုံး၊
ဓိပ္ပါယ်ကုံးသော်၊ အူထုံးလေငြား၊ သူဌေးသားကို၊ သမားဇီဝက၊ ရက်သတ္တ၀ယ်၊
ကုမည်ရွယ်လည်း၊ မလွယ်လေဟန်၊ အကျယ်ဉာဏ်ဖြင့်၊ ကယ်မှန်ခုနစ်လ၊
အိပ်သော်မှလျှင်၊ ကုမနိုင်မည်၊ သို့ဆိုသည်ကို၊ အလီနှိမ့်ချ၊ လေးငါးလနှင့်၊
သုံးလနှစ်လ၊ တစ်လတိုင်အောင်၊ မစွမ်းဆောင်မှ၊ ရက်သတ္တတွင်၊ မုချမလွဲ၊
အိပ်ပျော်ဆဲဝယ်၊ ၀မ်းခွဲပြီးခါ၊ အူထုံးရာကို၊ လွယ်ကာဖြေရှင်း၊
သွင်းမြဲသွင်း၍၊ နေရင်းတိုင်းသာ၊ ပြီးစေရာသည်၊ရေကူးညာတင် စကားတည်း။
၂။ ကောက်ပင်ရိတ်လှီး
ပြောနည်း
စပါးရိတ်လျှင် ကောက်ပင်ကို လက်တဖက်ဖြင့် ဆုပ်သိမ်းကာ
တံစဉ်ဖြင့် အရင်းမှဖြတ်၍ ရိတ်ယူသကဲ့သို့ တဘက်လူ၏ စကားကို
သိမ်းကျုံးဖမ်းယူပြီးမှ အရင်းကဖြတ်၍ ပိုင်လောက်အောင် ပြောဆိုခြင်းသည်
“ကောက်ပင်ရိတ်လှီး ပြောနည်း” မည်၏။ သူဌေးသားနှစ်ယောက်နှင့်
ဗျိုင်းပုံဝတ္ထုကို သာဓက ထုတ်အပ်၏။
လင်္ကာ
ကောက်ပင်ရိတ်လှီး၊ ပုံတနည်းမှာ၊ ရှေးအခါဝယ်၊
ဥစ္စာကြွယ်ငြား၊ သူဌေးသားသည်၊ မြှားပစ်ရာဝယ်၊ ဗျိုင်းသူငယ်ကို၊
အလွယ်ဖြင့်သာ၊ ရခဲ့ပါသော်၊ အာသာရှိငြား၊ တဦးသားက၊ ငါ့ဗျိုင်းမှန်လျက်၊
သင့်လက်နက်ကြောင့်၊ အသက်ခန္ဓာ၊ ဆုံးရရှာပြီ၊ သာမညဗျိုင်း၊ ဘောမပိုင်းနှင့်၊
နေ့တိုင်းရက်စဉ်၊ ရွှေစင်တကျပ်၊ ချီလာလတ်၍၊ မပြတ်ငါ့အား၊ ပေးလာငြား၏၊ စကားထိုသို့၊ ဆိုတုံမြို့သော်၊ မချို့ဧကန်၊
အကယ်မှန်မူ၊ ယမန်လူက၊ ထို့တူပေးငြား၊ နှစ်,လ များကို၊ မိန့်ကြားစမ်းပါ၊ ဆိုသောခါလျှင်၊ ကြာရှည်လှပြီ၊ အခါလည်ဟု၊
ပြောသည်ခဏ၊ ရေတွက်ဆသော်၊ သုံးရာ့ခြောက်ဆယ်၊ ထိုရက်ဝယ်တွင်၊ ရွှေစင်သုံးရာ၊
ခြောက်ဆယ်သာပြီ၊ ငါ့အိမ်ရှေ့တွင်၊ ထားသည့်အင်ကို၊ နေ့စဉ်ခိုးယူ၊
သင်မူလက်ခံ၊ သို့ဖြစ်ဟန်ကြောင့်၊ အမြန်ပေးလေ၊ ဆိုတုံလေသော်၊
မနေရွံ့ကြောက်၊ ပေးရမြောက်သည်၊ ကောက်ပင်ရိတ်လှီး စကားတည်း။
၃။ ရေစီးဖောင်ဆန်ပြောနည်း
ဖောင်ကြီးသည် အညာသို့ဆန်သောကာလ လိုရာဆန္ဒရှိသမျှကို
တင်ယူ၍ ဖြည်းညင်းသာယာစွာ ဆန်လျှင် လိုရာအရပ်သို့ ရောက်နိုင်သကဲ့သို့
စကားအရာတွင်လည်း ဥပမာ ဥပမေယျတို့ဖြင့် ဖြည်းညင်းသာယာစွာ လိုရာရောက်အောင်ပြောဆိုခြင်းသည် “ရေစီးဖောင်ဆန်ပြောနည်း” မည်၏။
ဟံသာဝတီဘုရင် ရာဇဓိရာဇ်က “အဆွေတော်”ဟု ရေးသားသည်ကို ဒွါရ၀တီမင်းက မကျေနပ်၍ ဟံသာဝတီသားတို့က
ပြေလည်အောင် ဖြေရှင်းပုံကို သာဓကထုတ်အပ်၏။
လင်္ကာ
ရေစီးဖောင်ဆန်၊ ပြောဆိုဟန်မှာ၊ ဒွါရာဝတီ၊
ရွှေပြည်သနင်း၊ ဘုရင်မင်းသည်၊ တနင်းသာရီ၊ စစ်မက်ချီ၍၊ နေသည်ခဏ၊
တပ်ကြီးချလျှင်၊ ရာဇာ့ဓိရာဇ်၊ သိတုံလစ်သော်၊ တားမြစ်အံ့ငှာ၊
တောင်းပန်စာဖြင့်၊ ပညာရှိမတ်၊ စေလွှတ်လတ်လျှင်၊ ထိုစာတွင်၌၊ အဆွေတော်ဟု၊
ရေးဖော်လေချက်၊ မနှစ်သက်၍၊ အမျက်ပြင်းစွာ၊ ထွက်သောခါဝယ်၊ ရာဇာဓိရာဇ်၊
သံတော်စစ်က၊ အနှစ်ရသာ၊ အထူးပါအောင်၊ မြတ်စွာဗုဒ္ဓ၊ ပမာပြ၍၊ ဘုရာ့နောင်တော်၊
ဤသို့ခေါ်ဟု၊ ဆွေတော်လည်းစစ်၊ မင်းမဖြစ်မီ၊ အကြည်တော်ဟု၊ မခေါ်ထိုက်ပေ၊
မင်းဧကရာဇ်၊ ထီးဆောင်းဖြစ်မှ၊ ဧကရာဇ်ချင်း၊ ဆက်စာသွင်းသော်၊ အဆွေတော်ဟု၊ ရေးဖော်မြဲပေ၊ လျှောက်တင်လေသော်၊
ရွှေပြည်ဘုရင်၊ သဘောဝင်၍၊ ပြောအင်ဆိုနည်း၊ လွန်မြှောက်ချီးသည်၊
ရေစီးဖောင်ဆန် စကားတည်း။
၎။ အိုးတန်ဆန်ခပ်ပြောနည်း
အိုးနှင့်ဆန်သည် တန်အောင်ချက်လျှင် နူးနပ်စွာ
သုံးဆောင်ရသကဲ့သို့ စကားအရာတွင်လည်း မယုတ်မလွန်နှင့် လိုရင်းရောက်အောင်
ပြောဆိုခြင်းသည် “အိုးတန်ဆန်ခပ်” ပြောနည်းမည်၏။ သားရွှေအိုးထမ်းလာသည်ကို
မြင်လိုပါသည်ဟု ပြောဆိုသော သုဝဏ္ဏသာမ၏ မိဘနှစ်ပါး ပြောဆိုပုံကို သာဓက
ထုတ်အပ်၏။
လင်္ကာ
အိုးတန်ဆန်ခပ်၊ စကားရပ်ကို၊ မှတ်စိမ့်သောငှာ၊
အလင်္ကာဖြင့်၊ မယ်ပါရိက၊ ဒုကူလတို့၊ ဖြစ်ကြပျက်အင်၊ မျက်မမြင်ကို၊
သက်ငင်ဆွဲကာ၊ သုဝဏ္ဏာလျှင်၊ တောမှာတစေ၊ လုပ်ကျွေးနေ၍၊ ရှည်ကြာကာလ၊
တိုင်ရောက်မှလျှင်၊ ဗာရာ့ပြည့်ရှင်၊ မုဆိုးသွင်က၊ တောခွင်လည်ရာ၊ သုဝဏ္ဏာကို၊
မြင်ပါသော်ငြား၊ ထိုသူ့အားကို၊ သားကောင်အသွင်၊ စိတ်ဝယ်ထင်၍၊ မဆင်ခြင်လစ်၊
လေးနှင့်ပစ်သော်၊ ဆိုးညစ်ကြမ္မာ၊ ကံကြောင့်သာဟု၊ ပြစ်ဆာမတင်၊
မွေးမိခင်နှင့်၊ ဖခင်ကိုသာ၊ လုပ်ကျွေးပါဟု၊ သာယာသံချို၊ လျှောက်ပန်ဆို၍၊
ထိုခဏတွင်၊ ဇီဝိန်ပြတ်ကြွေ၊ သားမောင်သေမှ၊ မိနှင့်ဖတို့၊ ရောက်လာကြလျှင်၊ သိကြားမြင်သော်၊ ပူပင်သောက၊ မရှိကြလင့်၊
သားလှသက်ရှင်၊ မျက်စိမြင်နှင့်၊ ရွှေစင်သပြာ၊ အိုးရတနာကို၊ လိုရာတခု၊
လျှောက်တင်ပြုလော့၊ ယခုအလို၊ ပြည့်အံ့ဆိုလျှင်၊ လိုရာမတ၊ ရွှေအိုးရ၍၊
သားလှမျက်နှာ၊ မြင်လိုပါဟု၊ သုံးဖြာလုံးကို၊
သိမ်းပိုက်ဆိုသည်၊ ဉာဏ်ကို အားကိုး၊ စကားမျိုးသည်၊ အိုးတန်ဆန်ခပ်
ပြောနည်းတည်း။
၅။ ဆီပွတ်ကျည်ပွေ့ ပြောနည်း
ဆီကိုရအောင် ပွတ်သည့်အခါတွင် အထပ်ထပ်အခါခါ
ပွတ်ရသကဲ့သို့ အလိုရှိသော စကားကို အထပ်ထပ် ပြောဆိုခြင်းသည်
“ဆီပွတ်ကျည်ပွေ့ပြောနည်း” မည်၏။ ဘုရားပိန္နဲတိုင်ကိစ္စ ဆွေးနွေးရာ၌
မန်ကျည်းနှစ် လည်းကောင်း၊ ကျွန်းလည်းကောင်း။ ရှားနှစ်လည်းကောင်း၊
ကျွန်းလည်းကောင်းဟု ပြောဆိုပုံကို သာဓက ထုတ်အပ်၏။
လင်္ကာ
ဆီပွတ်ကျည်ပွေ့၊ ပြောဆိုလေ့မှာ၊ မင်းရာဇာသည်၊
မဟာစေတီ၊ တည်ရာကြံ့ခိုင်၊ ပိန္နဲတိုင်ကို၊ အလိုရှိလစ်၊ မန်ကျည်းနှစ်လျှင်၊
ကျစ်လစ်အသား၊ မာ၏လားဟု၊ မေးငြားသောခါ၊ မန်ကျည်းလည်းမာ၊ ကျွန်းလည်းမာဟု၊
ပညာအလျောက်၊ ဆိုတုံမြောက်၍၊ နောက်ထပ်တခါ၊ ရှားနှစ်သာလျှင်၊ မာပါလိမ့်သား၊
မေးပြန်ငြားသော်၊ ရှားနှစ်ကားမာ၊ ကျွန်းလည်းမာဟု၊ ထပ်ကာမနေ၊
လျှောက်တင်လေ၍၊ မင်းဧကရာဇ်၊ ကျွန်းသားစစ်ကို၊ နှစ်သက်ချမ်းမြေ့၊
ဘောဝယ်တွေ့သည်၊ဆီပွတ်ကျည်ပွေ့ ပြောနည်းတည်း။
၆။ ဆင်ဝှေ့ရန်ရှောင်ပြောနည်း
ဆင်ဝှေ့မည်ဟု လိုက်လျှင် လွတ်ရာလွတ်ကြောင်း
တိမ်းရှောင်က ချမ်းသာသကဲ့သို့ စကားအရာတွင်လည်း မိမိအဖို့
ဘေးရောက်မည့်စကားကို ရှောင်လွှဲ၍ ပြောဆိုခြင်းသည်
“ဆင်ဝှေ့ရန်ရှောင်ပြောနည်း” မည်၏။ ရက်မအောက်မြေကြီးထိ
ရွှေချထားသော အိမ်ရှေ့မင်း၏ ကျောင်းမှ ရွှေများကို မြို့ဝန်မင်းက
အဖျက်ခိုင်းရာ အိမ်ရှေ့မင်းစိတ်ဆိုးသည်ကို ပြေလည်အောင် လျှောက်ထားသော
မြို့ဝန်၏ စကားကို သာဓကထုတ်အပ်၏။
လင်္ကာ
ဆင်ဝှေ့ရန်ရှောင်၊ ပမာဆောင်သော်၊ ဘုန်းခေါင်ညီရင်း၊
အိမ်ရှေ့မင်းသည်၊ ကြည်ခြင်းသဒ္ဓါ၊ ကျောင်းဆောက်ရာတွင်၊တွင်းပြင်ထက်အောက်၊ မြေသို့ရောက်အောင်၊
တပြောင်ပြောင်ပင်၊ အရောင်ဓီးဓီး၊ ယိုစီးမတတ်၊ ရွှေချလတ်လျှင်၊
မြို့ဝန်မြင်သော်၊ မလျော်လေချက်၊ တိုက်ပွတ်ဖျက်၍၊ ရက်မအောက်က၊
မြေသို့ကျမှ၊ သိရသောခါ၊ ဒါယကာလျှင်၊ ပြင်းစွာအမျက်၊ ဒေါသထွက်၍၊
ချက်ချင်းသတ်မည်၊ ခေါ်စေသည်တွင်၊ ရှိဦးတင်လျက်၊ အရှင်ဘုရား၊
သတို့သားလျှင်၊ မင်းဖျားဧကရာဇ်၊ ဖြစ်မည်ဧကန်၊ မုချမှန်၍၊ ထိုယံကာလ၊
ကျောင်းဆောက်မှလျှင်၊ ရွှေချဖို့ရာ၊ ချွင်းသည်သာဟု၊ ပညာရှေ့ဆောင်၊
ရန်ဝှေ့ရှောင်သည်၊ နောက်နောင်မှတ်ရန် စကားတည်း။
၇။ တောင်သူယာခုတ်ပြောနည်း
တောင်သူတို့သည် ယာခုတ်လျှင် ခြုံငယ်သစ်ပင်ငယ်တို့ကို
ဦးစွာရှင်းလင်း ခုတ်ထွင်ပြီးမှ သစ်ပင်ကြီးများကို လှဲသကဲ့သို့
စကားအရာတွင်လည်း ဦးစွာ စကားငယ်ကိုပြော၍ နောက်မှ စကားကြီးများကို
ပြောခြင်းဖြင့် အနိုင်ယူခြင်းသည်
“တောင်သူယာခုတ်ပြောနည်း” မည်၏။ အမတ်ကြီးလေးဦးနှင့် မဟောသဓာသုခမိန်တို့
ဥစ္စာနှင့် ပညာ ဘယ်ဟာကမြတ်သည်ဟူသော အငြင်းပွါးပုံကို သာဓက ထုတ်အပ်၏။
လင်္ကာ
တောင်သူယာခုတ်၊ မိန့်ထုတ်ဝစန၊
ပုံဆိုပြသော်၊ ရဋ္ဌ၀ိဒေ၊ ၀ိဓိပြည်၌၊ ၀ိဒေဟရာဇ်၊ မင်းစစ်နရိန်၊ ဘုန်းရာဇိန်၏၊
သုခမိန်ကျော်၊ မဟော်ပညတ်၊ သိန်းအမတ်တို့၊ ဆိုလတ်များစွာ၊ စကားမှာ၌၊
ပညာဓန၊ ထိုနှစ်ဝတွင်၊ ဓနအမြတ်၊ သိန်းအမတ်က၊ ဆိုလတ်သောခါ၊ ပညာသာမြတ်၊
မဟော်မတ်က၊ ထပ်၍တဖန်၊ ဆိုလေပြန်သော်၊ မဟော်သဓာ၊ ငယ်နုစွာ
မို့၊ မှန်ရာမသိ၊ ဥစ္စာရှိမှ၊ ခယ၀ပ်တွား၊ လူအများတို့၊
စကားနာခံ၊ သိန်းဆိုပြန်သော်၊ မဟော်ဝိဒူ၊ သိတတ်သူက၊ ဓနဥစ္စာ၊ ရှိပေရှာလည်း၊
ရောဂါဥပဒ်၊ ကပ်ငြိသောခါ၊ မသိပါလျှင်၊ ပညာရှိရှေ့၊ ဆည်းကပ်၍သာ၊ မှီခိုလာ၏၊
ပြောပြန်ဘိက၊ ၀ိဒေဟရာဇ်၊ ရှင်မင်းစစ်သည်၊ အနှစ်ဥစ္စာ၊ ရတနာနှင့်၊
ပြည်ရွာရဋ္ဌ၊ အစိုးရ၍၊ များစွာ့လူပေါင်း၊ ခ၀ပ်ညောင်းသည်၊ စကားချီသော်၊
မဟော်သေနက၊ ပဏ္ဍိတက၊ ဗုဒ္ဓမြတ်စွာ၊ စိန္တေယျာမှာ၊ ဥစ္စာမရှိ၊ သို့ဖြစ်ဘိလည်း၊
ဉာဏ်ကြီးမြုတေ၊ ထွန်းတောက်ဝေ၍၊ ဒေ၀,ဗြဟ္မာ၊ မနုဿာတို့၊ ပူဇာမြို့ဟု၊
ဗဟုဝစနာ၊ ပြောကြရာတွင်၊ ရှေးလျှင်အစ၊ သိမ်ငယ်ပဟု၊ နောက်မှကြီးလျှက်၊
သီးသီးတက်၍၊ မိန့်မြွက်ထူထောင်၊ ဉာဏ်စွမ်းပြောင်သည်၊ တောင်သူယာခုတ်
စကားတည်း။
၈။ ကြက်ဆုတ်ခွပ်ပစ်ပြောနည်း
ကြက်တို့၏ သဘောသည် ခွပ်မည်ပြုသောအခါ နောက်သို့
ဆုတ်ဟန်ပြု၍ တကယ်ခွပ်သော အခါမှသာ စီး၍ ခွပ်သကဲ့သို့ စကားအရာတွင်လည်း
သူ့အလိုကို လိုက်တန်သရွေ့ လိုက်ပြီးလျှင် စီးသာသောအခါမှ စီးလျက်
ပြောသောစကားမျိုးသည် “ကြက်ဆုတ်ခွပ်ပစ်ပြောနည်း” မည်၏။
က၀ိသေတ္တုမဉ္ဇူသာကျမ်း၌ ဖော်ပြပါရှိသော တရုတ်ငရွှေကြည်၏
မီးလောင်ခြင်းကိစ္စအတွက် တရုတ်သံများနှင့် အမတ်ကြီး ဦးပေါ်ဦးတို့
အပြန်အလှန်ပြောဆိုပုံကို သာဓက ထုတ်အပ်၏။
လင်္ကာ
ကြက်ဆုတ်ခွပ်ပစ်၊ ပြောလစ်ဝစန၊ ရက္ခပုရံ၊
တိုင်းနိုင်ငံက၊ ဉာဏ်ပညာရှိ၊ မတ်က၀ိနှင့် ပြည်ကြီးအင်းဝ၊ နဂရတွင်၊
မတ်လုလင်တို့၊ နိုင်ဖို့စကား၊ စစ်ထိုးငြားသော်၊ နှစ်ပါးပြည်ရွာ၊
စည်ပင်သာဟု၊ နှစ်ဖြာနှစ်ဝ၊ ပြောကြလေရာ၊ ရာသီဆယ့်နှစ်လ၊ လူထိုမျှတို့၊
ပွဲမှမချဉ်း၊ အင်းဝက၀ိ၊ ဆိုလတ်ဘိက၊ ဓည၀တီ၊ တိုင်းရွှေပြည်မှ၊
မတ်ကျော်လှလည်း၊ များစွာ့လူပေါင်း၊ သောင်းသောင်းအုတ်အုတ်၊
ကျွန်ုပ်တို့ကို၊ ကြည့်သည်ဆိုသော်၊ ထိုအင်းဝမတ်၊ ပညာတတ်လည်း၊ ကြီး, လတ်,
ငယ်စု၊ ကြည့်ရှုဆိုရာ၊ ဟုတ်ပါလိမ့်မည်၊ နောက်ဆုတ်လည်ရွေ့၊ အချက်တွေ့ကို၊
ကြိုး၍တခါ၊ တို့ပြည်ရွာမှာ၊ ဂဇာပြောင်ဆင်၊ ကကြိုးပြင်၍၊ တနေ့သုံးခါ၊
ရေချပါလည်း၊ ကြည့်လာမရောက်၊ တောဆင်ပေါက်တို့၊ ရောက်လတ်သောခါ၊ ကြည့်တို့ပါ၏၊ ပမာပုံသွင်၊ အမတ်သင်လည်း၊
တောဆင်အလား၊ မယဉ်ပါး၍၊ အများအားထုတ်၊ ကြည့်လိမ့်ဟုတ်သည်၊ ကြက်ဆုတ်ခွပ်ပစ်စကားတည်း။
၉။ ရေစစ်ပမာ စကားပြောနည်း
ဓမ္မကရိုဏ်ခေါ်သော ရေစစ်ကို ရေတွင်နှစ်၍ ရေပြည့်လျှင်
အပေါက်ကို လက်ဖြင့်ပိတ်ယူပါက ရေမထွက်နိုင်သကဲ့သို့ တဘက်လူ၏စကားကို
ပိတ်မိအောင် ပြောဆိုခြင်းသည် “ရေစစ်ပမာ ပြောနည်း” မည်၏။
သူငယ်လေးယောက်နှင့်သူအိုကြီးတို့ ယုံတမ်းစကားပြောကြားပုံကို သာဓက
ထုတ်အပ်၏။
လင်္ကာ
ရေစစ်ကရား၊ စကားရုဠီ၊ ပြောကြမည်ဟု၊ ကြံစည်ပြုငြား၊
လေးယောက်သားနှင့်၊ တပါးသူအို၊ သစ္စာဆို၍၊ အလိုမတူ၊ မယုံသူကို၊ ကျွန်မူမသွေ၊
စေစားလေဟု၊ အပြိုင်ပြုက၊ လေးဝယောက်ျား၊ လူငယ်များတို့၊ စကားပေါ့သွပ်၊
မပြောတတ်လျှင်၊ ထပ်၍တဖန်၊ မြွက်ပြန်လေတုံ၊ စကားပုံမှာ၊ ၀ါပင်ကပေါက်၊
လေးယောက်သင်တို့၊ ဆိုလေမြို့သော်၊ မယုံတို့ပါ၊ ပြန်ပြောခါလည်း၊
ကျွန်သာအစစ်၊ ဆိုသည်ဖြစ်လည်း၊ နစ်အံ့ကျွန်တွင်း၊ အရင်းအဖျား၊
ဘိုးသက်ကြားလျှင်၊ ဆီးတားပတ်ရစ်၊ စကားမြစ်သည်၊ ရေစစ်ကရား ပြောနည်းတည်း။
၁၀။ ခက်တင်မောင်းနင်း ပြောနည်း
သူ့စကားကို ဟုတ်၏လည်းမဆို၊ မဟုတ်ဟုလည်းမဆိုဘဲ မတင်မကျ
ပြောဆိုခြင်းသည် “ခက်တင်မောင်းနင်းပြောနည်း”မည်၏။
“ဤသူ ငါ့တူမဟုတ်ဟု မည်သူပြောသနည်း” ဟု တောင်ဖီလာဆရာတော် ပြောကြားပုံကို
သာဓက ထုတ်အပ်၏။
လင်္ကာ
ခက်တင်မောင်းနင်း၊ ပြောဆိုရင်းမှန်၊ ယမန်ရှေးခါ၊
မတ်ဗိုလ်ပါတို့၊ ယုတ်မာဆိုးညစ်၊ သူခိုးစစ်ကို၊ သတ်ပစ်အံ့ငှာ၊ ဖမ်းယူရာတွင်၊
သာမညသူ၊ မဟုတ်မူ၍၊ တောင်ဖီလာဆရာ၊ တူရင်းချာဟု၊ ဆိုရှာအတွင်း၊
မတ်ခပင်းလည်း၊ ကပ်ချဉ်းဆရာ၊ လျှောက်တုံပါသော်၊ ဆရာတော်လည်း၊
မြွက်ဖော်ငါ့တူ၊ ပြောလိုက်မူက၊ ငါ့မှာမုသား၊ မလွတ်ငြားချေ၊ မပြောနေလည်း၊
သေအံ့လုလင်၊ ဉာဏ်ဆင်ခြင်၍၊ လုလင်တူရင်း၊ မဟုတ်ခြင်းကို၊ ဘယ်သူဆိုဟု၊
မြွက်ဆိုမိန့်ဟ၊ မျက်မှောင်ချ၍၊ မကျမတင်၊ ပြောသောသွင်သည်၊ ခက်တင်မောင်းနင်း
ပြောနည်းတည်း။
Friday, June 5, 2015
ဘုရားရှင်လက်ထက် ဘုရားအတုအယောင် တိတ္ထိဆရာကြီး (၆)ဦး
တိတ္ထိဆရာကြီး (၆)ဦးမှာ-
- ပူရဏကဿပ
- မက္ခလိဂေါသာလ
- အဇိတကေသကမ္ဗလ
- ပကုဓကစ္စာယန
- သဉ္စယဗေလဋ္ဌပုတ္တ
- နိဂဏ္ဌနာဋပုတ္တ တို့ဖြစ်သည်။
ထိုတိတ္ထိဆရာကြီး
(၆)ဦးတို့သည် ခြောက်ဆယ့်နှစ်ပါးသော
ဒိဋ္ဌိတရားတို့ကို ဟောကြားဖြန့်ချီခဲ့ကြလေသည်။
၆ -၅-၂၀၁၅ ဘန်ယဉ်ဓမ္မစကူးလ်ဖွင့်ပွဲ ဖိတ်ကြားလွှာ
၆ -၅-၂၀၁၅ ဘန်ယဉ်ဓမ္မစကူးလ်ဖွင့်ပွဲ အခမ်းအနားကို ဘန်ယဉ်ဓမ္မစကူးလ်ဌာန၏ ဖိတ်ကြားချက်အရ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ မြို့နယ်ဓမ္မစကူးလ်များရေရှည်တည်တံ့ပြန့်ပွားတိုးတက်ဖွံ့ဖြိုးရေးကော်မတီ-ရှိ ဦးဆောင်ဆရာတော်များ ကော်မတီဥက္ကဋ္ဌကြီးနှင့် လူကြီးမင်းများကိုယ်တိုင် ကြွရောက်ချီးမြှင့်မည်ဖြစ်ပါသောကြောင့် မြို့နယ်ဓမ္မစကူးလ်ကော်မတီမှ ဘန်ယဉ်ဓမ္မစကူးလ်ဌာနရဲ့ကိုယ်စား မြို့နယ်ရှိဓမ္မစကူးလ်ဌာနရှိ ဆရာဆရာမများအားလုံး ကြွရောက်ချီးမြှင့်ပေးကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
ကိုးတိုင်း ကိုးဌာန မေး- ဓမ္မစကူးလ်ဆရာ/ဆရာမများ စွမ်းရည်မြှင့် ၀မ်းစာဖြည့် မွမ်းမံသင်တန်း သင်တန်းဆင်း ဆရာ/ဆရာမများ
ကိုးတိုင်း ကိုးဌာန တို့မှာ
(၁) ကသ္မီရ- ဂန္ဓာရတိုင်း
(၂) မဟိံသကတိုင်း
(၃) နဝါဒါသီတိုင်း
(၄) မဟာရဋ္ဌတိုင်း
(၅) အပရ န္တတိုင်း
(၆) ယောနကတိုင်း
(၇) စိနရဋ္ဌ (ချိန) ခေါ် စိန့်တိုင်း ၅-ရပ်
(၈) သုဝဏ္ဏဘူမိ တိုင်း
(၉) တမ္ဗဒီပ ခေါ် သီဟိုဠ်ကျွန်း တို့ဖြစ်ကြသည်။
ထိုသို့စေလွတ်ရာ သုဝ`ဏ္ဏဘူမိတိုင်းသို့ အရှင်သောဏထေရ်နှင့်အရှင်ဥတ္တရထေရ် ၂-ပါးတို့ ဦးဆောင်ကာ
အဖွဲ့ဝင်သံဃာ ၃-ပါးနှင့်ပေါင်း ၅-ပါးတို့ မြန်မာနိုင်ငံ ၊ မွန်တို့၏ အဓိပတိ ရွှေမြေ ၊ သုဝဏ္ဏဘူမိမြို့ ၊ကေလာသ
တောင်သို့ ကြွရောက်ကာဗြဟ္မဇာလသုတ္တန်ကို ရာမညတိုင်းသား မွန်လူမျိုးတို့အား စတင်ဟောကြားခြင်းဖြင့်
မြန်မာပြည်သို့ ဗုဒ္ဓဘာသာ စတင်ဝင်ရောက်သည်။
ထို မွန်တို့ဌာနေ ၊ ရာမညတိုင်း ၊သုဝဏ္ဏဘူမိမြို့၏ အဓိပတိ ဘုရင်မှာ သီရိမာသောက မင်း ဖြစ်သည်။
မွန်ဘုရင် သုဝဏ္ဏဘူမိပြည့်ရှင် သီရိမာသောက မင်းမှ သည် မနူဟာ မင်းအထိ သာသနာနှစ် ၂၃၅ မှ ၁၆၀၀ တိုင် မွန်တို့ဌာနေ ၊ ရာမညတိုင်းတွင် ဗုဒ္ဓသာသနာတော် နေလိုလလို ထွန်းတောက်နေချိန် -
သာသနာတော် သက္ကရာဇ် ၁၆၀၁ ၊ သက္ကရာဇ် ၄၁၉ တွင် အရိမဒ္ဒနာ ပုဂံပြည်ကြီးကို အစိုးရသော အနော်ရထာမင်းစောသည် ရာမညတိုင်းတလိုင်းသုံးရပ်ကို အောင်မြင်၍ ပိ`ဋကတ် ၃ ပုံနှင့်တကွ ရဟန်းသဃာကို ဆောင်ယူ၍
အရိမဒ္ဒနာ ပုဂံပြည်ကြီးဉ် သာသနာတော်မြတ်ကိုတည်စေသည်။

ထေရ၀ါဒ နှင့် မဟာယာန ကွာခြားချက်များ မေး-ဓမ္မစကူးလ်သင်တန်းဆရာမဒေါ်ထွေးထွေးလင်း(ဓမ္မိကာရုံဓမ္မစကူးလ်ဌာန) အဆင်းပြေပါစေ
ထေရ၀ါဒ ဗုဒ္ဓဘာသာ - မည်ပုံ
ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူသော မဟာသက္ကရာဇ် ( ၁၄၈
)ခုနှစ် ကဆုန်လပြည့်နေ့မှနောက် ၃ လလွန်မြောက်ပြီးသောအခါ
အရှင်မဟာကဿပဦးဆောင်သော ရဟန္တာမထေရ် ၅၀၀ ဖြင့် ရာဇဂြိုလ်မြို့တွင်ဘုရားရှင်၏
တရားတော်တို့ကို တလုံးတပါဒမျှ ပြင်ဆင် ဖြည့်စွက်ခြင်း၊
ထုတ်နှုတ်ပယ်ရှားခြင်း အလျင်းမရှိခဲ့ပဲ ဟောတော်မူခဲ့သည့်အတိုင်း တသွေမတိမ်း
ပထမသင်္ဂါယနာ တင်တော်မူခဲ့ကြသည်။
အချုပ်အားဖြင့် ဘုရားဟောတော်မူခဲ့ပြီးသော တရားတော်တို့ကို ယနေ့အချိန်အထိ တလုံးတပါဒမျှ ပြင်ဆင်ဖြည့်စွက်ခြင်းမရှိပဲ တပည့်သား သာဝက အစဉ်အဆက် လက်ဆင့်ကမ်း သယ်ဆောင်လာသော ၀ါဒကို ထေရ၀ါဒ ဗုဒ္ဓဘာသာ ( တပည့်သား သာဝက မထေရ်အစဉ်အဆက် သယ်ဆောင်လာသော ဘုရားဝါဒ ) ဟု မှတ်နိုင်ပါသည်။

ဒုတိယ သင်္ဂါယနာ
မြတ်ဗုဒ္ဓ လွန်တော်မူပြီး သာသနာနှစ်ပေါင်း (၁၀၀)ကြာပြီးနောက် ၀ဇ္ဇီတိုင်းသားရဟန်းများ (ဒေ၀ဒတ်
တပည့်များ )မှ အဓမ္မ၀တ္ထု (၁၀)ပါးကို တောင်းဆိုခဲ့ကြသည်။ ဥပမာ နေလက်တစ်သစ်လွဲသည့်
အချိန်အထိ ၀ိကာလဘောဇန လုပ်နိုင်တယ်၊ သေနု(အရက်ခပ် ပျော့ပျော့ ယခုခေတ် ထန်းရည်လိုမျိုး )ကို သောက်နိုင်တယ်၊ ရွှေငွေများကို လူတွေလို စိတ်ကြိုက် ကိုင်တွယ်အသုံးပြုနိုင်တယ် -- စသဖြင့် တောင်းဆိုခဲ့ပြီး ထေရ၀ါဒဗုဒ္ဓသာသနာတော်အား ပြုပြင်ပြောင်းလဲရေးလုပ်လာသဖြင့် ထိုရန်သူတို့အား ကာကွယ်ရန် ဒုတိယအကြိမ် သင်္ဂါယနာတင်ရပြန်သည်။

(၂) သာသနာနှစ် (၁၀၀)နှစ်
(၃) နေရာ ဝေသာလီပြည်၊ ၀ါဠုကာရာမကျောင်း
(၄) ခေါင်းဆောင် အရှင်ယသမထေရ် ဦးဆောင်သော အရှင်ရေ၀တနှင့် အရှင်သဗ္ဗကာမိ
(၅) သံဃာဦးရေ ရဟန္တာပေါင်း (၇၀၀)
(၆) မင်း ကာလာသောကမင်း
(၇) ကြာမြင့်ချိန် (၈) လ
(၃) နေရာ ဝေသာလီပြည်၊ ၀ါဠုကာရာမကျောင်း
(၄) ခေါင်းဆောင် အရှင်ယသမထေရ် ဦးဆောင်သော အရှင်ရေ၀တနှင့် အရှင်သဗ္ဗကာမိ
(၅) သံဃာဦးရေ ရဟန္တာပေါင်း (၇၀၀)
(၆) မင်း ကာလာသောကမင်း
(၇) ကြာမြင့်ချိန် (၈) လ
အရှင်ယသ၊ အရှင်ရေ၀တ အရှင်သဗ္ဗကာမီ ဦးဆောင်သော ၇ဟန္တာများ
ဝေသာလီပြည်၌ သင်္ဂါယနာတင်နေစဉ် ၀ဇ္ဇီတိုင်းသားရဟန်းပျက်များကို သံဃာထု၊
မင်းပရိသတ်ထု၊ ပြည်သူလူထု ပေါင်းပြီး နှင်ထုတ်ခဲ့ကြသည်၊ ထိုရဟန်းပျက်
များကာ တစ်သောင်းကျော် ပမာဏ ရှိခဲ့သည် ဟူ၏။
ထိုရဟန်းပျက်တို့ ကို တိုင်းပြည်မှ နှင်ထုတ်လိုက်ရာ
၎င်းတို့သည် ဟိမ၀န္တာတောင်ခြေဖက် သို့ သွားရောက်
ပြီး ရှင်ဘုရင်တစ်ပါးမှ သနားကာ ခိုလှုံခွင့်ပေးလိုက်ရာမှ ထိုရဟန်းတို့သည်လည်း သင်္ဂါယနာစင်ပြိုင် တင်ခဲ့ကြသည်။
ပြီး ရှင်ဘုရင်တစ်ပါးမှ သနားကာ ခိုလှုံခွင့်ပေးလိုက်ရာမှ ထိုရဟန်းတို့သည်လည်း သင်္ဂါယနာစင်ပြိုင် တင်ခဲ့ကြသည်။
ထိုရဟန်းတို့အား တစ်သောင်းကျော်ဟူသော ကြီးမားသော
အင်အားရှိသဖြင့် မဟာသံဃိကဂိုဏ်းဟု နာမည် တွင်ခဲ့သည်၊ ထိုဂိုဏ်းမှ မဟာယာန၀ါဒ
ဖြစ်လာသည်။
ထိုမှတဖန် ဝေသာလီ၌ ကျန်ရှိခဲ့ကြသော ရဟန္တာ ( ၇၀၀ )အဖွဲ့အား ဟီနယာနဂိုဏ်း သေးငယ် သောဂိုဏ်း ( တနည်းအားဖြင့် သဗ္ဗတ္ထိဝါဒဂိုဏ်း ) ဟု ခေါ်တွင်ခဲ့သည်။ ထိုဂိုဏ်းမှ ထေရ၀ါဒ ဆင်းသက်လာပါသည်။ အမှန်ကတော့ ငါတို့က ရွာရဲ့ မြောက်ပိုင်းမှာ နေတယ် ဆိုရင် သူတို့က တောင်ပိုင်းမှာ နေတယ် ဟု အလိုလို မပြောသော်လည်း ပြောသကဲ့သို့ ထေရ၀ါဒ ကိုလည်း မဟာယာန ၀ါဒီ တို့သည် ဟီနယာန ဟု သုံးစွဲခဲ့ကြလေသည်၊

အိန္ဒိယ တောင်ပိုင်းဒေသမှ စကာ ပြန့်နှံ့ခဲ့သောကြောင့်
တောင်ပိုင်းဗုဒ္ဓဘာသာ(ထေရ၀ါဒ) ဟုလည်းအလွယ်တကူ မှတ်နိုင်ပေသည်။ ယခုအချိန်အထိ
သီရိလင်္ကာ၊ ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီယား၊ လာအို နိုင်ငံတို့တွင်
သာသနာထွန်းကားနေဆဲမို့ ထေရ၀ါဒ ၅ နိုင်ငံ ဟု အများက အသိအမှတ်ပြု
လက်ခံထားဆဲဖြစ်သည်။
မဟာယာနမှာတော့ မဇ္ဈိမဒေသ အိန္ဒိယပြည် မြောက်ပိုင်း
ဟိမ၀န္တာကနေ ပြန့်ပွားခဲ့သောကြောင့် မြောက်ပိုင်း ဗုဒ္ဓဘာသာ ( မဟာယာန ) ဟု
မှတ်နိုင်သည်၊ဘီစီ ၁ ရာစု မှ စကာ အေဒီ ၁ ရာစု အအတောအတွင်း မဟာယာန ၀ါဒ
စတင်ဖြစ်ပေါ်လာသည်ဟု သိရသည်၊ မဟာယာနတို့၏ Saddharma Pundarika Sutra
သဒ္ဓမ္မပုဏ္ဍရိက သုတ်တွင်မူ အေဒီ ၂ ရာစုမှ စကာ ခေါင်းဆောင်ဖြစ်သော Nagarjuna
နာဂဇုန သည် သူ၏ သုညတ၀ါဒကို စွဲကိုင်ကာ အင်အားကြီးမားစေခဲ့သည်၊ အေဒီ ၎
ရာစုလောက်တွင်တော့Asanga အသင်္ဂ နှင့် Vasubandhu ၀သုဗန္ဓု တို့
လက်ထက်တွင် မဟာယာနဘာသာသည် အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိအောင်
ပြန့်ပွားခဲ့သည်ဟု ဆိုရပါမည်။
( မဟာ - မြင့်မြတ်သော၊ ယာန - နိဗ္ဗာန်သို့ ပို့ဆောင်ပေးသော အရာ၊ ယာဉ်ဟူသော၊ ၀ါဒ - အယူရှိသူ )
( မဟာ - မြင့်မြတ်သော၊ ယာန - နိဗ္ဗာန်သို့ ပို့ဆောင်ပေးသော အရာ၊ ယာဉ်ဟူသော၊ ၀ါဒ - အယူရှိသူ )
ထိုအချိန်မှစ၍ မြောက်ပိုင်း ဗုဒ္ဓဘာသာ ခေါ် မဟာယာန သည်
တရုတ်ပြည်၊ တိဗက်၊ ပါကစ္စတန်၊ မွန်ဂိုလီးယား၊ ဗီယက်နမ်၊ ကိုးရီးယား ဂျပန်
စသော တောင် အာရှ နိုင်ငံများအထိ နှစ်ပေါင်းများစွာ ခေတ်အဆက်ဆက်
ပြန့်ပွားခဲ့သည်၊ ထိုနိင်ငံတို့တွင် ထေရ၀ါဒ ဘာသာ အားကောင်းစွာ
ပျံ့နှံ့သည်ဟူ၍ မကြားဖူးခဲ့ပေ။ အနည်းစုတော့ ရှိခဲ့လိမ့်မည်၊ ထို့ကြောင့်
တရုတ် ဂျပန် ကိုးရီးယား တို့၏ ဘာသာရေး အခန်းကဏ္ဍများတွင် တုံးခေါက်ခြင်း၊
ဖယောင်းတိုင် အမွှေးတိုင် ထွန်းခြင်း သေသူအား ရည်စူးကာ စက္ကူများအားမီးရှို့
ပြာချခြင်း စသည်များသည် နိုင်ငံ ဓလေ့ ယဉ်ကျေးမှု့အရ အနည်းငယ် ကွဲလွဲသည်မှအပ
တူညီနေကြပေသည်။
ပြိုကျခါနီး အိမ်ကို ကျားကန် ထားရသလိုဖြစ်နေတဲ့ မဟာယာန
ဘာသာဟာ နောက်ပိုင်းခေတ်မှာတော့ ဂျပန်နိုင်ငံက စပြီး ရဟန်းတော်များ
အိမ်ထောင်ပြုသင့်တဲ့ဂိုဏ်း၊ မပြုသင့်တဲ့ ဂိုဏ်း ဆိုပြီး ကွဲပြားလာတယ်၊
တချို့အရက်သောက်ကြတယ်၊ တချို့က မသောက်ဘူး၊ တချို့သက်သက်လွတ်စားတယ်၊ တချို့က
မစားကြဘူး၊ ဒါကြောင့် ယခုအချိန်မှာ ကိုးရီးယား ဂျပန်
ဘုန်းကြီးတော်တော်များများဟာ
အိမ်ထောင်ရှိကြတယ်၊ အရက်သောက်ကြတယ်၊ ပါတီ နိုက်ကလပ်တက်ကြတယ် လို့ တဆင့်စကား ကြားဖူးပါတယ်၊ တရုတ်၊ တိဗက် ဟောင်ကောင် ထိုင်ဝမ် စတဲ့ နိုင်ငံတွေမှာ ရှိတဲ့ မဟာယာနဘုန်းကြီး တွေကတော့ အိမ်ထောင်ပြုတယ် လို့ မကြားမိပါဘူး၊ ဒါကြောင့် သူတို့ကတော့ နည်းနည်း သန့်ရှင်းသေးတယ် လို့ ယူဆ၇မှာပါ။ သက်သက်လွတ်ဝါဒကတော့ တော်တော် ကြီးစိုးနေဆဲပါပဲ၊ ဒါကလဲ ဘုရားရှင်လက်ထက်တော်အခါကတည်းက အရှင်ဒေ၀ဒတ်က တောင်းဆု ငါးပါးထဲမှာ ရဟန်းတော်များသက်သက်လွတ် စားဖို့ သိက္ခာပုဒ်ပညတ်တော်မူပါဘုရား - ဆိုပြီး တောင်းပန်ခဲ့ဖူးပေမယ့် ဘုရားရှင်က ခွင့်မပြုခဲ့ဘူး။

အရင်းစစ်တော့ အမြစ်မြေက - ဆိုသလို မြောက်ပိုင်း
ဗုဒ္ဓဘာသာခေါ် မဟာယာန၀ါဒ ဟာလဲ ဒုတိယသင်္ဂါယနာ တင်ချိန် ကတည်းက အဓမ္မ၀ါဒက နေ
ဆင်းသက်လာတာမို့ အယူဝါဒတော်တော်များများ လွဲနေတာ မထူးဆန်းတော့ပါဘူး။
လွတ်မြောက်ရာ လမ်းများ နှိုင်းယှဉ်ချက်
ထေရ၀ါဒ ဘာသာ တွင် နိဗ္ဗာန် ပန်းတိုင်သို့ -
၁ ။ သမ္မာသမ္ဗုဒ္ဓ အဖြစ်နှင့် ကူးမြောက်ခြင်း၊
၂ ။ ပစ္စေကဗုဒ္ဓါ ဘုရားငယ်အဖြစ် ကူးမြောက်ခြင်း၊
၃ ။ သာဝက ဗောဓိ - ခေါ် ရဟန္တာအဖြစ် ကူးမြောက်ခြင်း ဟု သုံးမျိုးရှိသည်။
ထေရ၀ါဒ ဘာသာ တွင် နိဗ္ဗာန် ပန်းတိုင်သို့ -
၁ ။ သမ္မာသမ္ဗုဒ္ဓ အဖြစ်နှင့် ကူးမြောက်ခြင်း၊
၂ ။ ပစ္စေကဗုဒ္ဓါ ဘုရားငယ်အဖြစ် ကူးမြောက်ခြင်း၊
၃ ။ သာဝက ဗောဓိ - ခေါ် ရဟန္တာအဖြစ် ကူးမြောက်ခြင်း ဟု သုံးမျိုးရှိသည်။
မဟာယာန ဘာသာတွင်လည်း -
Bodhisattvayana, ( ဗောဓိသတ္တ ယာန ) ဘုရားအလောင်းယာန၊
Prateka-Buddhayana, ( ပစ္စေက ဗုဒ္ဓယာန ) ပစ္စေဗုဒ္ဓါလောင်း ယာန၊
Sravakayana ( သာဝက ယာန ) သာဝကလောင်း ယာန၊ဖြင့် ကူးမြောက်ခြင်း ဆိုပြီး တူညီသော အမျိုးအစားများ တွေ့ရသည်။

ထေရ၀ါဒ နှင့် မဟာယာန၀ါဒတွင် တူညီသော အင်္ဂါ ( ၆ ) ချက်
(၁) မြတ်စွာဘုရားကို နှစ်ဖက်စလုံးက ဆရာ အဖြစ်လက်ခံကြတယ်။
(၂) သစ္စာ လေးပါး တရားတော်ကို နှစ်ဖက်လုံးက အပြည့်အ၀လက်ခံကြတယ်။
(၃) မဂ္ဂင်ရှစ်ပါး တရားကိုလဲ လက်ခံတာချင်း တူညီတယ်၊
(၁) မြတ်စွာဘုရားကို နှစ်ဖက်စလုံးက ဆရာ အဖြစ်လက်ခံကြတယ်။
(၂) သစ္စာ လေးပါး တရားတော်ကို နှစ်ဖက်လုံးက အပြည့်အ၀လက်ခံကြတယ်။
(၃) မဂ္ဂင်ရှစ်ပါး တရားကိုလဲ လက်ခံတာချင်း တူညီတယ်၊
(၄) ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကို လက်ခံတာလဲ တူညီတယ်၊
(၅) ဖန်ဆင်းရှင်ကို နှစ်ဖက်လုံးမှာ လက်မခံပဲ ပယ်မြစ်ပါတယ်။
(၆) အနိစ္စ ၊ဒုက္ခ၊အနတ္တ နဲ့ သီလ၊သမာဓိ ၊ပညာတွေကို နှစ်ဖက်လုံးက လက်ခံကြတယ်။
(၅) ဖန်ဆင်းရှင်ကို နှစ်ဖက်လုံးမှာ လက်မခံပဲ ပယ်မြစ်ပါတယ်။
(၆) အနိစ္စ ၊ဒုက္ခ၊အနတ္တ နဲ့ သီလ၊သမာဓိ ၊ပညာတွေကို နှစ်ဖက်လုံးက လက်ခံကြတယ်။
Mahayana and Theravada
Now, what is the difference between Mahayana and Theravada?
I have studied Mahayana for many years and the more I study it, the more I find there is hardly any difference between Theravada and Mahayana with regard to the fundamental teachings.

1- Both accept Sakyamuni Buddha as the Teacher.
2- The Four Noble Truths are exactly the same in both schools.
3- The Eightfold Path is exactly the same in both schools.
4- The Paticca-samuppada or the Dependent Origination is the same in both schools.
5- Both rejected the idea of a supreme being who created and governed this world.
6- Both accept Anicca, Dukkha, Anatta and Sila, Samadhi, Panna without any difference.

အနတ္တကို နှစ်ဖက်စလုံးက လက်မခံကြပေမယ့် ကွဲပြားချက်က
တရားတော်တွေ မဟုတ်ဘဲ ဗောဓိသတ္တ လို့ ခေါ်တဲ့ ဘုရားလောင်း ၊ ဘုရားကျင့်စဉ်
အပေါ်မှာ ထားတဲ့ သဘောထား ဖြစ်နေတယ်။
ထေရ၀ါဒ က ဘုရားလောင်း ကို ပုထုဇဉ်ပဲရှိသေးလို့ မကိုးကွယ်ဘူး။ ထေရ၀ါဒဆိုတာ ရဟန္တာ ဖြစ်ဖို့ ကျင့်တဲ့ ၀ါဒဖြစ်ပြီး ၊ မဟာယာနကတော့ ဗုဒ္ဓဖြစ်မယ့် ဘုရားလောင်း ဗောဓိသတ္တကျင့်စဉ်ကို လက်ခံတဲ့ ၀ါဒပါ။
ထေရ၀ါဒမှာ ဗောဓိသတ္တကို လွတ်မြောက်ရာ သစ္စာတရားကို မသိသေးတဲ့ ပုထုဇဉ်မို့ မကိုးကွယ်
သေးပေမယ့် ၊ မဟာယာန မှာတော့ ကိုးကွယ်စရာ ဗောဓိသတ္တတွေ များပါတယ်။ ဘုရားလောင်း ၊ ဘုရားရဲ့ မိခင်၊ ဖခင် အများကြီး ရှိပါသေးတယ်။

ဖားအောက်ဆရာတော်ကြီးရဲ့ ဓမ္မစကြာနှင့် ၀ိပဿနာ တရားတော်ကို
နာဖူးပါတယ်၊
မဟာယာန အယူဝါဒမှာ - အရဟတ္တဖိုလ်ရပြီးသား ရဟန္တာပုဂ္ဂိုလ်ဟာ ဒီဘ၀ကနေ နိဗ္ဗာန်ကို မျက်မှောက်ပြုလို့ မရသေးဘူး။ ရဟန္တာအဖြစ်ကနေ အနာဂမ် ၊ သကဒါဂမ် ၊ သောတာပန် အထိ ပြန် လျှောကျသွားတယ်။ ပုထုဇဉ်ပြန်ဖြစ်သွားရမယ် ။ ပြီးမှ ဘုရားဆုပန်ပြီး ဘုရားဖြစ်ဖို့ ပြန်ကြိုးစားကြရမယ်။

ထေရ၀ါဒ မှာတော့ မဟုတ်ဘူး - ပုထုဇဉ်ဘ၀ကနေ သောတာပန်၊
သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ အစဉ်အတိုင်းဖြစ်ပြီးရင် နိဗ္ဗာန်ကို
မျက်မှောက်ပြုရတာပါပဲ၊ နောက်ဆုံးဘ၀ပေါ့၊ သူ့အတွက် ဒီဘ၀ ဒီခန္ဓာကိုယ်ဟာ
နောက်ဆုံးပါပဲ၊ ဘုရားဟောထားတဲ့ စကားလေးတခွန်းရှိတယ်၊ ရဟန္တာဖြစ်တဲ့သူ များလဲ
ပြောလေ့ရှိကြတယ်၊ အထူးသဖြင့် ဘုရားရှင်ကိုယ်တိုင်ပါ။
(၁) အကုပ္ပါ မေ ၀ိမုတ္တိ = ငါ၏ ရရှိပြီးသော အရဟတ္တဖိုလ်
ဥာဏ်သည် ဘယ်လိုအကြောင်း
ကြောင့်မှ မပျက်စီးနိုင်တော့ပေ။
(၂) အယမန္တိမာ ဇာတိ ၊ နတ္ထိ ဒါနိ ပုန ဗ္ဘဝေါတိ = ဒီဘ၀သည် နောက်ဆုံးဘ၀ပဲ။ နောက်ထပ် ဘ၀သစ် ဆိုတာ မရှိတော့ဘူး၊
(၃) နာပရံ ဣတ္ထတ္ထာယာတိ ပဇာနာတိ - ၇ဟန္တာ ဖြစ်ပြီးရင် နောက်ထပ် ကျင့်ကြံစရာ လုံးဝ မရှိတော့ဘူး - တဲ့။

ဒါကို ထောက်သောအားဖြင့် ထေရ၀ါဒဟာ အားလုံး
ဘုရားဟောစကားနဲ့ တူညီနေသေးတယ်။
မဟာယာနမှာတော့ ကိုယ်မကြိုက်တာတွေကို ပယ်လိုက်၊ ထုတ်လိုက် ပြန်ထည့်လိုက်၊ အသစ်ထပ်တိုးလိုက်နဲ့ ခေတ်အ ဆက်ဆက် ဖြတ်သန်းခဲ့တာမို့ ဘယ်တရားက ဘုရားဟော တရား အစစ်အမှန်လဲ ဆိုတာ တိတိကျကျ ပြောနိုင်ဖို့ ခက်ခဲတဲ့ အခြေအနေကို ရောက်နေပါပြီ။ စစ်မှန်သော တရားတော်တို့ သည် မိမိတို့ လက်ထဲမှာသာ ရှိနေသေးသောကြောင့် အကျိုးရှိရှိ အသုံးချနိုင်ကြပါစေ ဟုသာ တိုက်တွန်းစကားဆိုရင်း နိဂုံး ချုပ်ပါရစေ

အရှင်နန္ဒောဘာသ(ဓမ္မရောင်စဉ်)
Tuesday, June 2, 2015
၂-၆-၂၀၁၅ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ မြို့နယ်ဓမ္မစကူးလ်များရေရှည်တည်တံ့ပြန့်ပွားတိုးတက်ဖွံ့ ဖြိုးရေးကော်မတီမှ ကြီးမှူး၍ ဖွင့်လှစ်အပ်သော ဓမ္မစကူးလ်ဆရာ/ဆရာမများ စွမ်းရည်မြှင့် ၀မ်းစာဖြည့် မွမ်းမံ ၇-ရက်သင်တန်း သင်တန်းဆင်းအောင်ပွဲအခမ်းအနား
၂-၆-၂၀၁၅ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ မြို့နယ်ဓမ္မစကူးလ်များရေရှည်တည်တံ့ပြန့်ပွားတိုးတက်ဖွံ့ ဖြိုးရေးကော်မတီမှ ကြီးမှူး၍ ဖွင့်လှစ်အပ်သော (ပထမအကြိမ်) ဓမ္မစကူးလ်ဆရာ/ဆရာမများ စွမ်းရည်မြှင့် ၀မ်းစာဖြည့် မွမ်းမံ ၇-ရက်သင်တန်း သင်တန်းဆင်းအောင်ပွဲအခမ်းအနားကို ၁။ နမော တဿ-သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခြင်း။ ၂။ တောင်ကြီးမြို့၊ သိမ်တောင်ပရိယတ္တိစာသင်တိုက်၊ ပဓာနနာယကဆရာတော်ဘဒ္ဒန္တတေဇ၀န္တ-အထံမှ သြ၀ါဒကထာနာယူခြင်း။ ၃။ တောင်ကြီးမြို့၊ သိမ်တောင်ပရိယတ္တိစာသင်တိုက်၊ မြို့နယ်ဓမ္မစကူးလ်များ ရေရှည်တည်တံ့ပြန့်ပွားတိုးတက်ဖွံ့ ဖြိုးရေးကော်မတီ အတွင်းရေးမှူးဆရာတော်ဘဒ္ဒန္တပညာတိက္ခာလင်္ကာရာဘိဝံသ-အထံမှ သြ၀ါဒကထာနာယူခြင်း။ ၄။ တောင်ကြီးမြို့၊ မြို့နယ်ဓမ္မစကူးလ်များ ရေရှည်တည်တံ့ပြန့်ပွားတိုးတက်ဖွံ့ဖြိုးရေးကော်မတီ ဥက္ကဋ္ဌ၊ ဦးစံလင်း-မှ ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားခြင်း။ ၅။ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခြင်း။ ၆။ စုပေါင်းအမျှဝေခြင်း။ ၇။ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု- သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခြင်း။ စသော အစီအစဉ် ၇-ရက်ဖြင့် ကျင်းပခဲ့ပါသည်။
တောင်ကြီးမြို့၊ မြို့နယ်ဓမ္မစကူးလ်ကော်မတီ၊ ဦးဆောင်ဆရာတော်များနှင့် ကော်မတီလူကြီးမင်းများ
တောင်ကြီးမြို့၊ မြို့နယ်ဓမ္မစကူးလ်ကော်မတီ၊ ဦးဆောင်ဆရာတော်များ ကော်မတီလူကြီးမင်းများနှင့် သင်တန်းဆင်းဆရာ/ဆရာမများနှင့် အမှတ်တရပုံရိပ်
စာသင်ခန်းမ သင်ကြားနေပုံ အမှတ်တရ ပုံရိပ်
အားလုံးရွှင်လန်းချမ်းမြေ့ပါစေ

နေ့တိုင်းဘ၀သစ် စနိုင်သည်. Powered by Blogger.