ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ မြို့နယ်ဓမ္မစကူးလ်များ ရေရှည်တည်တံ့ပြန့်ပွားတိုးတက်ဖွံ့ဖြိုးရေးကော်မတီ

Wednesday, May 20, 2015

ညောင်ရွှေမြို့နယ်၊ သာယာကုန်းကျေးရွာ၊ ပထမအကြိမ် နွေရာသီယဉ်ကျေးလိမ္မာသင်တန်း ဆုပေးပွဲအခမ်းအနား (၁၈-၅-၂၀၁၅) တနင်္လာနေ့

ညောင်ရွှေမြို့နယ်၊ သာယာကုန်းကျေးရွာ၊ ပထမအကြိမ် နွေရာသီယဉ်ကျေးလိမ္မာသင်တန်း ဆုပေးပွဲအခမ်းအနား ၁၃၇၇-ခုနှစ်၊ နယုန်လဆန်း ၁-ရက်၊  (၁၈-၅-၂၀၁၅) တနင်္လာနေ့
ကျောင်းသား/ကျောင်းသူပေါင်း ၁၅၀ ကျော် တက်ရောက်သင်ကြားရာ
အငယ်တန်း၊ အထက်တန်း နှစ်တန်းခွဲ၍ သင်ကြားပါသည်။
အငယ်တန်း ပ ဒု တ ၃-ဆုနှင့် နှစ်သိမ့်ဆု ၇-နှစ်ဆု၊ 
အကြီးတန်း ပ ဒု တ ၃-ဆုနှင့် နှစ်သိမ့်ဆု ၇-နှစ်ဆု၊
စုစုပေါင်း  ဆုရရှိသော ကျောင်းသား/သူပေါင်း ၂၀-ကို ဆုများ ချီးမြှင့်ထားပါသည်။
ဆုပေးပွဲအခမ်းအနားကို တောင်ကြီးမြို့နယ်၊ မြို့နယ်ဓမ္မစကူးလ်များရေရှည်တည်တံ့ပြန့်ပွားတိုးတက်ဖွံ့ဖြိုးရေးကော်မတီမှ ဆရာတော်ကြီးများ ဓမ္မစကူးလ်ဆရာ/ဆရာမများ သာယာကုန်ကျေးရွာ ကျောင်းသား/သူများ ကျောင်းသားမိဘများ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြပါသည်။

0 comments:

Post a Comment

နေ့တိုင်းဘ၀သစ် စနိုင်သည်. Powered by Blogger.
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Bluehost Review