ပထမတန်းမှ ဆဋ္ဌမတန်းအထိ ဓမ္မစကူးလ်ကျောင်းသား/သူများအား လက်ခံသင်ကြားသွားမည်ဖြစ်ပါသည်။
သင်တန်းကို ၁၃၇၇-ခုနှစ်၊ နယုန်လပြည့်ကျော်(၆)ရက်(7-6-2015)တနင်္ဂနွေနေ့မှ စတင်ကာ တနင်္ဂနွေအပတ်ပေါင်း 40-တိတိ သင်ကြားသွားမည်ဖြစ်ပါသည်။
၁၃၇၇-ခုနှစ်၊ နယုန်လပြည့်ကျော်(6)ရက်၊ (7-6-2015)တနင်္ဂနွေနေ့တွင် သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပမည့်ဖြစ်ပါသောကြောင့် ကျောင်းဒါယကာ/ကျောင်းဒါယိကာမများ ဓမ္မရောင်စဉ်အသင်းသား/သူများ ဓမ္မစကူးလ်ကျောင်းသား/သူများ/ ဓမ္မစကူးလ်ကျောင်းသား/သူများ၏မိဘများ ကုသိုလ်ရှင်များအားလုံး အခမ်းအနားသို့ ကြွရောက်ခဲ့ကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
ဓမ္မရောင်စဉ်အသင်းနာယကဆရာတော်ဘဒ္ဒန္တပညာတိက္ခာလင်္ကာရာဘိဝံသ
0 comments:
Post a Comment