ဘ၀ဆိုတာ “ဘ” နှင့်စပြီး “၀”နှင့် ဆုံးတဲ့ အက္ခရာ နှစ်လုံးသာရှိသလို
လက်တွေ့ဘ၀မှာလည်း
“မွေး” နှင့်စပြီး “သေ” နှင့်ဆုံးတဲ့ အက္ခရာ နှစ်လုံးသာရှိပါတယ်။
ယင်း နှစ်လုံးမှ ကိုယ်ပိုင်အဖြစ်
ရနိုင်တာက “ကံ” တစ်ခုတည်းပါ။
ကုသိုလ်ကံ စုမိသူတို့ အမြတ်ရကြပြီး
အကုသိုလ်ကံ စုမိသူတို့မှာ အရှုံးကြီး ရှုံးရပါလိမ့်မယ်။
ခက်တာက
အမြတ်ကို လိုချင်ပေမဲ့ မြတ်တဲ့အလုပ်ကို
မလုပ်နိုင်ကြဘူး။
အရှုံးကို မလိုချင်ပေမဲ့
ရှုံးတဲ့အလုပ်ကိုပဲ
ပျော်မွေ့နှစ်သက်နေကြခြင်းပါ။
ကိုယ့်ကိုယ်ကို
“အရှုံးသမား”
လား။ “မြတ်သမား”လားဆိုတာ
စဉ်းစားသင့်ပြီ။
အရှင်ဧသက
(Dec 27, 2011)
**************************
ဘ၀နှင့် ဖရောင်းတိုင်
ဘဝ
ဆိုတာ ဖရောင်းတိုင်လေးလိုပဲ၊ မကြာခင် ငြိမ်းသွားမှာ။
မငြိမ်းခင်မှာ ကိုယ့်ပတ်ဝန်းကျင်ကို
အလင်းရောင်းပေးပါ၊
ပတ်ဝန်းကျင်ကိုတော့
လောင်မြိုက်
မပြစ်ပါနဲ့။
ငြိမ်းသွားရင်လည်း
အနွေးဓါတ်လေးကျန်နေအောင်
ပြင်ဆင်ထားခဲ့ပါ။
အရှင်ဧသက
(Nov 3, 2011)
**************************
(9/11) ဖန်ဆင်းရှင် ဘင်လာဒင်
သူတပါးကို
ပျက်စီးအောင်
လုပ်ခြင်းသည်
ကိုယ့်ကိုယ်ကို
ပျက်စီးအောင်လုပ်ခြင်းပင်ဖြစ်၏။
သူတပါးကို မတရားသဖြင့် အောင်နိုင်ခြင်းသည်
သူတပါးကို မတရားသဖြင့် အောင်နိုင်ခြင်းသည်
ကိုယ့်ကိုယ်ကို
အဆုံးစီရင်ခြင်းပင်ဖြစ်၏။
အကုသိုလ်ပြုသူတို့သည်
အကုသိုလ်ပြုသူတို့သည်
ပုံးအောင်းရာ
နေရာမရှိ။
သူတပါးကို ပျက်စီးအောင် လုပ်သူသည်
သူတပါးကို ပျက်စီးအောင် လုပ်သူသည်
ယခုဘ၀မှာရော
နောက်ဘ၀များစွာမှာရော
စိုးရိမ်ပူပန်စွာနေရ၏၊
ပျက်စီးခြင်းများဖြင့်သာ
တွေ့ကြုံရ၏။
အရှင်ဧသက (Sep 11,
2011)
**************************
အဘိဇ္ဈာ ဣဿာ
မဖြစ်နဲံ့
ကိုယ့်ထက်
သာသူ အောင်မြင်သူကို
အဘိဇ္ဈာ ဣဿာ မဖြစ်နဲ့၊ဖြစ်မိရင် သူထက်ပို၍ နိပ်ကျသွားမည်။
သူတပါးကို အဘိဇ္ဈာ ဣဿာ ပွားတတ်သူ မဖြစ်ပါစေနဲ့။
သူတပါး၏ အဘိဇ္ဈာ ဣဿာ အပွားခံရသူ ဖြစ်အောင်ကျိုးစားပါ။
အရှင်ဧသက (Sep 9, 2011)
**************************
အမြင့်ရောက်လေ
အတိုက်အခိုက်ခံရလေ
အထွဋ်အထိပ်ရောက်သွားသူတိုင်း အတိုက်အခိုက် အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ကြရသည်။
ကိုယ်တိုင် အတိုက်အခိုက် အခက်အခဲတွေနဲ့ တွေ့ကြုံနေရင် အားမငယ် စိတ်မပျက်ပါလေနဲ့၊
အထွဋ်အထိပ်သွားရာ လမ်းမပေါ်ရောက်နေပြီလို့ ယုံကြည်စိတ်အပြည့်နှင့် ဆက်လက်ကျိုးစားပါ။
အရှင်ဧသက (Aug 18, 2011)
**************************
အသက်ရှည်ရှည် နေလိုလျှင်
၁။ မတည့်တဲ့အစာ မစားရ
၂။ တည့်တဲ့အစာကိုလည်း
သင့်တော်ရုံသာစားပါ။
၃။ ဒေါသ မဖြစ်ရ
ဗန်းမော်ဆရာတော်
Dr. ကုမာရာဘိဝံသ
(July 24, 2011)
(မှတ်ချက်။ ။ ရုပ်ကို ဖျက်ဆီးတာက မတည့်တဲ့ အစားအစာ။
စိတ်(နာမ်)ကို ဖျက်ဆီးတာက ဒေါသစတဲ့ အကုသိုလ်ကိလေသာ။)
**************************
အရည် အသွေး
ကျောက်တို့၏ တန်ဖိုးသည် ကျောက်ရည်(ပတ္တမြားရည်)၊
ရဟန်း-ရှင်-လူတို့၏
အရည်အသွေးသည်
သီလ။
အရည်အသွေးကောင်းသောကျောက်ကို
ချမ်းသာကြွယ်ဝသူတို့
ပန်ဆင်ကြ၏။
သီလရှိသူကို လူပင်မက နတ်ဗြဟ္မာများက ဦးထိပ်တင် ပူဇော်ကြ၏။
အရှင်ဧသက (July 16,
2011)
**************************
ဆင်းရဲခြင်းနှင့်
ချမ်းသာခြင်း
လူတွေ ဆင်းရဲဒုက္ခ ရောက်ရတာကိုကြည့်ရင်
မကောင်းတဲ့
စိတ်တွေကြောင့်
- -
မကောင်းတာတွေ ပြု၊ မကောင်းတာတွေ ပြော၊ မကောင်းတာတွေ ကြံပြီး
ဆင်းရဲ ဒုက္ခရောက်ကြတယ်။
ကောင်းတဲ့ စိတ်တွေကြောင့်
- -
ကောင်းတာတွေ ပြုမယ်၊ ပြောမယ်၊ ကြံမယ်ဆိုရင် ကောင်းကျိုးချမ်းသာ
မင်္ဂလာတွေ ပြည့်စုံကြရမှာပါ။
(ရွှေဥမင်ဆရာတော်ဘုရားကြီး)
**************************
နှလုံးလှသည့် ပညာစွမ်း
ပညာပြည့်ဝ၊ နှလုံးလှသော်
ပညာပြည့်ဝ၊ နှလုံးလှသော်
ကိစ္စကြိးငယ်၊ ဆောက်သဖွယ်လျှင်
ကျင်းကျယ် ထွင်းဖေါက်၊
ဖြတ်တောက်လိုရာ
ပြီးနိုင်စွာ၏။
မဃဒေ၀လင်္ကာ
**************************
မေတ္တာဒိုင်းဖြင့်
ကာကွယ်ပါ
မလိုမုန်းထား ရန်သူများပစ်ခတ်သော
ဒေါသ-အာဃာတ
လက်နှက်များကို
မေတ္တာဒိုင်းဖြင့်ကာကွယ်ပါ။
မေတ္တာရှင် သာမာဝတီမိဖုရားအမှူးရှိသော
နန်းတွင်းသူ
ငါးရာ၏ရင်ဝသို့
ပစ်လွှတ်လိုက်သော
ဥတေန
မင်း၏ မြှားသည် ဥတေနမင်း၏ရင်ဝဆီသို့သာ
ပြန်သွားခဲ့သည်မှာ
ထင်ရှားသော
သာဓကဖြစ်၏။
(အရှင်ဧသက၊
June 16, 2011)
**************************
လူအများ မြတ်နိုးချစ်ခင်
သီလ ဒဿန သမ္ပန္နံ၊
ဓမ္မဋ္ဌံ
သစ္စဝေဒိနံ။
အတ္တနော ကမ္မ ကုဗ္ဗာနံ၊ တံ ဇနော ကုရုတေ ပိယံ။
(ဓမ္မပဒပါဠိတော်)
သီလနှင့်လည်း
ပြည့်စုံ၊
ဉာဏ်အမြင်နှင့်လည်း
ပြည့်စုံ၊
တရား၌လည်းတည်ရှိ၊
အမှန်ကိုလည်းပြောဆို
တတ်၊ မိမိပြုအပ်သည့်
ကျင့်ဝတ်နှင့်လည်းပြည့်စုံသောသူကို လူအပေါင်းသည်
မြတ်နိုးချစ်ခင်၏။
People
hold dear him who embodies virtue and insight, who is principled, has
realized
the
truth, and who himself does what he ought to be doing.
**************************
အချစ် နှင့် အမုန်း
ချစ်ခြင်း - မုန်းချင်းမှ လွတ်ကင်းက ငြိမ်းအေးမှု ရ၏။
ချစ်ခြင်းသည် -
ရွှန့်နွမ်ထဲ
နှစ်မြုပ်နေသူနှင့်
တူ၏။
မုန်းခြင်းသည်-
မီးလောင်ပြင်ထဲ
ရောက်နေသူနှင့်
တူ၏။
ဒီအစွန်း နှစ်ပါးမှ လွတ်ကင်းက မဇ္ဈိမပဋိပဒါ ဖြစ်၏။
(အရှင်ဧသက၊
May 16, 2011)
**************************
အမရပူရမြို့၊
မဟာဂန္ဒာရုံဆရာတော်
အရှင်ဇနကာဘိဝံသ၏
သာသနာပြုစိတ်ဓါတ်
ကိုယ်တည်းတစ်ယောက်
ချမ်းသာရောက်ဖို့၊
ခုလောက်ကြိုးကုတ်
အားမထုပ်ဘူး၊
ဗုဒ္ဓမြတ်စွာ သာသနာ၏၊
ရှေးခါ ဘိုးဘ လက်ထက်ကလျှင်၊
ရသည့်တန်ခိုး ထပ်မညှိုးဖို့၊
အားကြိုးမာန်တက်
ငါဆောင်ရွက်သည်
....
ဆက်လက် တည်တံ့ပါစေသော်။
(မဟာဂန္ဒာရုံဆရာတော်
အရှင်ဇနကာဘိဝံသ)
**************************
အမရပူရမြို့၊ မဟာဂန္ဒာရုံဆရာတော်အရှင်ဇနကာဘိဝံသ
ချမှတ်တော်မူခဲ့သော
ကျောင်းတိုက်စည်းကမ်းမူ
(၁၀)ချက်
(ရဟန်းတော်ကောင်းဖြစ်ဖို့/
လူတော်လူကောင်းဖြစ်ဖို့
ပြည့်စုံရမည်အချက်များဖြစ်သည်)
ဤကျောင်းတိုက်၌-
၁။ စိတ်ကောင်းရှိဖို့က
ပဌမ
၂။ ၀ိနည်းလေးစားဖို့က
(ကိုယ်ကျင့်တရားလေးစားဖို့က)
ဒုတိယ
၃။ ကျန်းမာဖို့က
တတိယ
၎။ သန့်ရှင်းဖို့က
စတုတ္တ
၅။ အ၀တ်အစား တတ်ဖို့က
ပဉ္စမ
၆။ အနေအထိုင် တတ်ဖို့က
ဆဋ္ဌမ
၇။ အသွားအလာ တတ်ဖို့က
သတ္တမ
၈။ အပြောအဆို တတ်ဖို့က
အဋ္ဌမ
၉။ စည်းကမ်းလိုက်နာဖို့က
န၀မ
၁၀။
စာတတ်ဖို့က
ဒဿမ
ဤ (၁၀) ချက်ကို အစဉ်အတိုင်း လိုက်နာရမည်။
(မဟာဂန္ဒာရုံဆရာတော်
အရှင်ဇနကာဘိဝံသ)
***************************
“ကိုယ့်သမိုင်းကြောင်း ကောင်းအောင်ရေးပါ”
ယခုဘ၀မှာ
ကိုယ့်သမိုင်းကြောင်းကို
ကောင်းအောင်ရေးနေရင်
နောက်ဘ၀သံသရာမှာ
ပုံရိပ်ထင်နေပြီမို့
သာယာလှပတဲ့
ဘ၀သမိုင်းပိုင်ရှင် ဧကန်ပင် ဖြစ်ပါလိမ့်မည်။
ဒုစရိုက်များဖြင့်
ကိုယ့်သမိုင်းကြောင်းကို
ရေးနေရင်
နောက်ဘ၀သံသရာမှာ
ပုံရိပ်ထင်နေပြီမို့
ဆိုးဝါးပူလောင်လှတဲ့
ဘ၀ပိုင်ရှင် ဧကန်ပင် ဖြစ်ပါလိမ့်မည်။ကိုယ့်ဘ၀သမိုင်း ပန်းချီကားကို ကိုယ်တိုင်ပင်ဆွဲကြရမည်။ မည်သူမှ ဖန်ဆင်းနေသည်မဟုတ်။
(အရှင်ဧသက။ May 16, 2011)
***************************
“နှစ်သစ်
မင်္ဂလာ” "Happy New Year"
ပျော်ရွှင်တာကို
မင်္ဂလာလို့ ဘုရားမပွင့်ခင်ကထဲက
ယူဆခဲ့ကြတယ်။
ပျော်ရွှင်တိုင်းလဲ
မင်္ဂလာမဖြစ်ပါ။
အကုသိုလ်ကင်းပြီး
ကုသိုလ်ဖြစ်နေမှ
မင်္ဂလာဖြစ်ပါတယ်။
နှစ်သစ်မှာ ကုသိုလ်နဲ့ ပျော်ရွှင်နိုင်ကြပါစေ။
(အရှင်ဧသက Jan 1, 2011)
***************************
ပန်းနံ့ထက် သီလနံ့က ပိုမွှေး
အပ္ပမတ္တေ အယံ ဂန္ဓော၊ ယွာယံ တဂရစန္ဒနံ။
ယော စ သီလ၀တံ ဂန္ဓော၊ ၀ါတိ ဒေဝေသု ဥတ္တမော။
(ဓမ္မပဒပါဠိတော်)
ယော စ သီလ၀တံ ဂန္ဓော၊ ၀ါတိ ဒေဝေသု ဥတ္တမော။
(ဓမ္မပဒပါဠိတော်)
တောင်ဇလပ်ပန်း
စန္ဒကူးပန်းတို့၏အနံ့သည်
အနည်းငယ်မျှသာ
မွှေး၏။ သီလရှိသူတို့၏ သတင်းအနံ့
သည်
ထူးကဲ လွန်မြတ်သည်ဖြစ်၍
နတ်ပြည် ဗြဟ္မပြည်အထိ ပျံ့နှံ့ ကြိုင်လှိုင်၏။
Faint is the fragrance of tagara and sandal, but excellent is the Fragrance of the virtuous,
wafting
even amongst the gods
***************************
မှန်ထဲမှာ ကိုယ့်အမူအရာအတိုင်းပေါ်သလို
ကိုယ်ပြုသမျှ
ကိုယ့်မှာပေါ်လိမ့်မည်
(စူဠကမ္မ၀ိဘင်္ဂသုတ်မှ
အနှစ်ချုပ်)
၁။ သူများအသက်၊ သတ်သည့်တွက်၊ အသက်ကိုယ့်မှာတို။
၂။ မသတ်ရှောင်ရှား၊
ထိုသူများ၊
ရှည်လျှားအသက်ကို။
၃။ နှိပ်စက်ကလူ၊ ညှဉ်းဆဲသူ၊ ပြောထူရောဂါဆို။
၎။ သနားစိတ်သွင်း၊
မနှိမ်နင်း၊
ကင်းရှင်းရောဂါကို။
၅။ ထန်ပြင်းဒေါသ၊ ကြီးတတ်က၊ အလှပျက်မည်ဆို။
၆။ ဒေါသကင်းစင်၊ မေတ္တာယှဉ်၊ ကြည်လင်လှသကို။
၇။ မနာလိုပြန်၊ ဣဿာထန်၊ ခြံရံကင်းမည်ဆို။
၈။ ဣဿာမထား၊ ၀မ်းမြောက်ငြား၊
ပေါများခြံရံကို။
၉။ မလှူမဒါန်း၊ မပေးကမ်း၊ ခြောက်ခန်းဥစ္စာဆို။
၁၀။
စွန့်ကြဲလေတုံ၊
ပြုပါကုန်၊
ကုံလုံကြွယ်ဝလို။
၁၁။
မာန်မာနကြွယ်၊
ထိုသူဝယ်၊ မျိုးနွယ်ညံ့မည်ဆို။
၁၂။
ထိုက်သူရိုကျိုး၊
မာန်ကိုချိုး၊
အမျိုးမြတ်သကို။
၁၃။
သိဖွယ်ဟူသမျှ၊
မမေးက၊ ဖျင်းအ ပညာဆို။
၁၄။
ကြားမြင်များအောင်၊
မေးလေ့ဆောင်၊
ခုနောင်တတ်သိလို။
(မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏
ရတနာ့ဂုဏ်ရည်မှ)
***************************
သာသနာအတွက် အသက်ပင်ဆုံးပါစေ
ဗုဒ္ဓမြတ်စွာ လျောင်းလျာတုန်းက၊
နောက်ဆုံးအထိ
ပါရမီ။
လူနတ်များစွာ ချမ်းသာရေးမို့၊
အသက်ပေး၍ ဖြည့်ခဲ့သည်။
ဗုဒ္ဓမြတ်စွာ သာသနာအတွက်တော့၊
ငါပါ အသက်ဆုံးစေမည်။
နောက်မဆုပ်ပေါင်
ခုလိုတွေးလို့၊
ကုသိုလ်ရေးမို့
ကြိုးစားမည်။
ဒို့လည်း ကြိုးစားမည်၊ ဒို့လည်း ကြိုးစားမည်။
(မဟာဂန္ဓာရုံဆရာတော်
အရှင်ဇနကာဘိဝံသ)
***************************
လူမိုက်ဆိုတာ
မကောင်းမှုကို
ပျားရည်လိုထင်
(ပါဠိ)
မဓူဝ မညတိ ဗာလော၊ ယာဝ ပါပံ န ပစ္စတိ။ယဒါ စ ပစ္စတိ ပါပံ၊ ဗာလော ဒုက္ခံ နိဂစ္ဆတိ။
(မြန်မာ) “ လူမိုက်သည် မိမိ၏မကောင်းမှု အကျိုးမပေးခင်မှာ မကောင်းမှုကို ပျားရည်လို မှတ်ထင်၏။
မကောင်းမှု အကျိုးပေးသောအခါ လူမိုက်သည် ကြီးစွာသော ဆင်းရဲဒုက္ခကို ခံစားရ၏။”
(ဓမ္မပဒပါဠိတော်)
***************************
ကိုယ့်လမ်းကို
လျှောက်
အများအကျိုး၊ ရွက်သည်ပိုးက။
ခနိုးခနဲ့၊
ဆိုကဲ့ရဲ့လည်း။
မဖဲ့ မစောင်း၊ ကိုယ့်လမ်းကြောင်းကို၊
စိတ်ကောင်းနှင့်ယှဉ်
ရှေးရှုနှင်လော။
(ရွှေကျင်သာသနာပိုင်
ရွေဟင်္သာ ဆရာတော်)
***************************
လမ်းနှင့်ရေစဉ်
မဂ်လေးခွင်
သင့်တွင်အဆင်သင့်
၁။ ရန်သူ ၀ိုင်းထား၊ ထိုယောင်္ကျားကား၊
ပြေးသွားဘို့ရာ၊
လမ်းပေါက်သာလျှက်၊
ပြေးမထွက်၊
လမ်းတွက် မဟုတ်ပေ။
၂။ မစင်လူးလျှင်၊ အေးကြည်လင်သည့်၊ ရေစင်ရှိလျှက်၊ မဆေးရက်၊ ရေတွက် မဟုတ်ပေ။
၃။ အနပ္ပကမ်း၊ ဘေးဘျမ်းများစွာ၊ သံသရာမှ၊ ထွက်ရာလမ်းစ၊ သမထ ၀ိပဿနာ၊ ကိလေသာပင်၊
၂။ မစင်လူးလျှင်၊ အေးကြည်လင်သည့်၊ ရေစင်ရှိလျှက်၊ မဆေးရက်၊ ရေတွက် မဟုတ်ပေ။
၃။ အနပ္ပကမ်း၊ ဘေးဘျမ်းများစွာ၊ သံသရာမှ၊ ထွက်ရာလမ်းစ၊ သမထ ၀ိပဿနာ၊ ကိလေသာပင်၊
သန့်စင်လျှော်ဆေး၊
ရေအေး လေးမဂ်၊ ရှိပါလျှက်ကို၊
ထွက်မပြေးလို၊
မဆေးလို၊ နင့်ကိုယ် နင့်တွက်ပေ။
(ရွှေကျင်သာသနာပိုင် မဟာဝိသုဒ္ဓါရုံ ဆရာတော်ဘုရားကြီး)
***************************(ရွှေကျင်သာသနာပိုင် မဟာဝိသုဒ္ဓါရုံ ဆရာတော်ဘုရားကြီး)
ဘုရားရှင် ကျေးဇူးတော်
၁။ ဘုရားရှင်တော်၊
မပွင့်ပေါ်လျှင်၊
လူတော်အများ၊
စိတ်ကောင်းထားလည်း၊
ဤကား
ကုသိုလ်၊
အကုသိုလ်နှင့်၊
ထိုထိုဘုံဘ၀၊
မသိကြ၊
များလှအပြစ်တွေ။
၂။ ဘုရားရှင်တော်၊ ပွင့်ထွန်းပေါ်၍၊ ဟောဖော်ညွှန်ကြား၊ မြတ်တရားကြောင့်၊
၂။ ဘုရားရှင်တော်၊ ပွင့်ထွန်းပေါ်၍၊ ဟောဖော်ညွှန်ကြား၊ မြတ်တရားကြောင့်၊
ဤကား
ကုသိုလ်၊
အကုသိုလ်နှင့်၊
ထိုထိုဘုံဘ၀၊
သိကြရ၊
များလှ
ကျေးဇူးပေ။
၃။ ကျေးဇူးတော်ရှင်၊ ဘုရားရှင်ကို၊ နေ့စဉ် မပြတ်၊ ကျေးဇူးဆပ်ဘို့၊ ပရိယတ်နှင့်၊
ပဋိပတ်နှစ်ဖြာ၊
သာသနာကို၊
ကောင်းစွာ
ကြိုးကုတ်၊
လွန်အားထုတ်၊
အဟုတ်ကျင့်ကြစေ။၃။ ကျေးဇူးတော်ရှင်၊ ဘုရားရှင်ကို၊ နေ့စဉ် မပြတ်၊ ကျေးဇူးဆပ်ဘို့၊ ပရိယတ်နှင့်၊
(မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ)
***************************
ဓမ္မသံဝေဂ လင်္ကာ
၁။ ငါတို့နေရာ ဤကမ္ဘာ တဏှာအုပ်စိုးသည်
၂။ တဏှာစေရာ မနေသာ ဖွေရှာဆက်ရမည်။
၃။ ရသည့်ဥစ္စာ ချစ်သူပါ စွန့်ခွါသွားရမည်။
၎။ တကယ့်အရေး တကယ်ဘေး ဘယ်သွေးဘယ်သား မကယ်ပြီ။
၅။ ငါနှင့်ရွယ်တူ ငါအောက်လူ ကြီးသူသေကြများလှပြီ။
၆။ ခဏမစဲ အိုစမြဲ ငါလဲ သေဘက်နီးခဲ့ပြီ။
၇။ ဇရာမီးတောင် ကိုယ်တည်းလောင်
သေအောင်မြိုက်တော့သည်။
၈။ မသေရခင် သွားလမ်းစဉ် ကြိုတင်ပြင်သင့်ပြီ။
၉။ ဒါန သီလ ဘာဝနာ လမ်းသာထွင်လိမ့်မည်။
၁၀။
မဂ္ဂင်ယာဉ်ကြီး
အမြန်စီး ခရီးထွက်တော့မည်။
(မဟာဂန္ဓာရုံဆရာတော်
အရှင်ဇနကာဘိဝံသ)
***************************
ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ
မနေရလို့၊ သေရသောခါ၊ ကိုယ့်နောက်ကိုယ်ကား၊
ဘယ်များပါမှာ။
ပစ္စည်းအစုစု၊ တစ်ခု မပါ၊ ကိုယ်ပြုထား၊ ကံများ သူတို့ပါ။
(တန့်ကြည်တောင်ဆရာတော် ဘဒ္ဒန္တသောမဗုဒ္ဓိ)
***************************(တန့်ကြည်တောင်ဆရာတော် ဘဒ္ဒန္တသောမဗုဒ္ဓိ)
ကိုယ့်ကိုယ်ကိုယ်
အနိုင်ယူနည်း
၁။ မိမိရဲ့ လောဘများကို ဒါနတရားဖြင့် အနိုင်ယူပါ။
၂။ မိမိရဲ့ ဒေါသများကို သီလတရားဖြင့်
အနိုင်ယူပါ။
၃။ မိမိရဲ့ မောဟများကို ၀ိပဿတရားဖြင့်
အနိုင်ယူပါ။
၎။ မိမိရဲ့ သူတပါးအပေါ် ယှဉ်ပြိုင်လိုမှုများကို
မေတ္တာတရားဖြင့်
အနိုင်ယူပါ။
၅။
မိမိရဲ့
သူတပါးအပေါ်
အနိုင်ယူလိုမှုများကို
ကရုဏာတရားဖြင့်
အနိုင်ယူပါ။
၆။
မိမိရဲ့
သူတပါးအပေါ်
မနာလိုမှုများကို
မုဒိတာတရားဖြင့်
အနိုင်ယူပါ။
၇။
မိမိရဲ့
သူတပါးအပေါ်
ိ ရန်လိုမှုများကို
ဥပေက္ခာတရားဖြင့် အနိုင်ယူပါ။
၈။
မိမိရဲ့ သူတပါးအပေါ်
ိ အပြစ်ပြောလိုမှုများကို
ကိုယ်ချင်းစာတရားဖြင့်
အနိုင်ယူပါ။
၉။
မိမိရဲ့ မနောကံ
အကုသိုလ်များကို ၀စီကံကုသိုလ်ဖြင့်
အနိုင်ယူပါ။
၁၀။
မိမိရဲ့ နိမ့်ကျနေတဲ့စိတ်များကို
မိမိကိုယ်တိုင်မြှင့်တင်ခြင်းဖြင့်
အနိုင်ယူပါ။
(ချမ်းအေး ဆရာတော်။ စစ်ကိုင်း)
***************************
သေဘို့အချိန် ရှိရဲ့လား
အမေရိကန်မှာ၊ လူများစွာ၊ ဘယ်ခါ အားသည် မရှိပြီ။
ကွေ့ကြသူငှါ၊
ပြောကြတာ၊ ငါ့မှာ “အချိန်မရှိ” ပြီ။သင့်အချိန်ကို၊ ဘယ်တွက်ပို၊ သုံးလို ကုန်ခဲ့သည်။
တဏှာလိုလိုက်၊ သူ့စရိုက်၊ အကြိုက်လိုက်ခါနေခဲ့ပြီ။
ဘုရား တရား၊ ချိန်မအား၊ သင်ကားငြင်းခဲ့ပြီ။
တစ်ဘ၀တာ၊ ခဏစာ၊ ပြင်ကာနေခဲ့သည်။
ဘ၀များစွာ၊ သံသရာ၊ ရှည်ကြာမည်ကို သိသင့်သည်။
ဘ၀ တို-ရှည်၊ ထိုနှစ်လီ၊ ဘယ်သည် ပို၍ပြင်သင့်သည်။
သံသရာမှ၊ လွတ်လမ်းစ၊ ခုက စ၍ရှာသင့်ပြီ။
အချိန်မပို၊ သင်ကဆို၊ အို-နာ-သေ ချိန် လာလိမ့်မည်။
အချိန်မရှိ၊ သင်ဆို၏၊ သေမည့် အချိန်ရှိလိမ့်မည်။
အချိန်မရ၊ သင့်ဘ၀၊ သေမှ ဒုက္ခတွေ့လိမ့်မည်။
အချိန် မအား၊ စောင့်ရန်တား။ ဆိုင်းထားသေမင်း မရှိပြီ။
သေဘို့အရေး၊ အချိန်ပေး၊ အလေးထား၍ ပြင်သင့်ပြီ။ ။
(အဇူဇာကျောင်းဆရာတော် အရှင်ဧသက။ May, 1995)
***************************
ခန္ဓာ့အသွင် စိတ်ထားပြင်
* အသက်တွေကြီးလာပြီ၊
လောဘ၊
ဒေါသ၊ မောဟတွေ ကြီးနေကြတုန်းပဲလား။
* သွားတွေ ကျိုးနေပြီ၊
မာန်စွယ်တွေ
မကျိုးကြသေးဘူးလား။
* အရေတွေ တွန့်နေပြီ၊
မကောင်းမှု
အကုသိုလ်တွေပြုရတာ
မတွန့်ကြသေးဘူးလား။
* ဆန်ပင်တွေ
ဖြူနေပြီ၊
စိတ်ထားတွေ
မဖြူကြသေးဘူးလား။
* ခါးတွေ ကိုင်းနေပြီ၊
ကမ္မဋ္ဌာန်း
ဘာဝနာဘက် မကိုင်းကြသေးဘူးလား။
*
မျက်စေ့တွေ
မှုန်ဝါးနေပြီ၊
နိဗ္ဗာန်သွားမယ့်လမ်း မှုန်ဝါးနေကြတုန်းပဲလား။
* ဒီအခြေအနေရောက်တာတောင်
မပြင်ရင်
အပါယ်လေးခွင်
သွားဖို့သာ
ပြင်ကြပေတော့။
။ (Nov, 2010)
***************************
အကုသိုလ်တား ကုသိုလ်ပွား
* အကုသိုလ်ဖြစ်ခြင်း
အကြောင်းရင်းမှာ
“လောဘ၊ ဒေါသ၊ မောဟ” တို့ကြောင့်ဖြစ်ရ၏။
လောဘ၊ ဒေါသ၊ မောဟ မဖြစ်အောင် ဆင်ချင် စောင့်စီး ချုပ်တီးနိုင်လျှင်
အကုသိုလ်စိတ်မဖြစ်နိုင်။
* ကုသိုလ်ဖြစ်ခြင်း
အကြောင်းရင်းမှာ
“အလောဘ၊ အဒေါသ၊ အမောဟ” တို့ကြောင့်ဖြစ်ရ၏။
အလောဘ၊
အဒေါသ၊ အမောဟ
ဖြစ်အောင်
ဆင်ချင်
ပွားများ
တိုးပွားနိုင်လျှင်
ကုသိုလ်စိတ်များဖြစ်၏။
(အလောဘ=မလိုချင်မှု၊
အဒေါသ=မေတ္တာ၊
အမောဟ= ဉာဏ် ပညာ။) (Nov,
2010)
လောဘ၊ဒေါသ၊မောဟ
စိတ်ဖြင့် မပြုလုပ်ပါနဲ့
လောဘော
အတ္ထံ န ဇာနာတိ။ (လောဘသည် အမှား-အမှန်ကို
မသိ)
ဒေါသော
အတ္ထံ
န ဇာနာတိ။
(ဒေါသသည် အမှား-အမှန်ကို
မသိ)
မောဟော အတ္ထံ န ဇာနာတိ။ (မောဟသည် အမှား-အမှန်ကို
မသိ)
လောဘ၊ ဒေါသ၊ မောဟ တို့ဖြစ်ခိုက်မှာ
ဉာဏ်ပညာမဖြစ်နိုင်၍
အမှား-အမှန်ကို
ဆင်ချင်သိနိုင်စွမ်းမရှိ။
အကျိုးမဲ့အမှားများကိုသာ
ပြုမိတတ်၏၊
ထို့ကြောင့်
ယင်းစိတ်များဖြစ်ခိုက်မှာ
ဘာမှမပြုမိပါစေနှင့်၊
ဘာမှ မဆုံးဖြတ်ပါလေနှင့်။
(Nov, 2010)
မြင့်မြတ်သူနှင့်
ယုတ်ညံ့သူ
စိတ်ဓါတ် မြင့်မြတ်သူတို့သည်
ကုသိုလ်အဖြစ်များလေ့ရှိ၏။
စိတ်ဓါတ် နှိပ်ကျ ယုတ်ညံ့သူတို့သည်
အကုသိုလ် အဖြစ်များလေ့ရှိ၏၊
စိတ်ဓါတ် မြင့်မြတ်သူတို့သည်
တစ်ပါးသူ၏ အကုသိုလ်မှုကို
မတုန့်ပြန်
သိခံနိုင်စွမ်းရှိ၏။စိတ်ဓါတ်နှိပ်ကျ
ယုတ်ညံ့သူတို့သည်
တစ်ပါးသူ၏ အမှုမှန်သမျှ ဘာတစ်ခုမှ သည်းခံနိုင်စွမ်းမရှိ။
မကောင်းမှုကို
ကတ်ကတ်
လန်အောင်တုန့်ပြန်တတ်၏။ ကောင်းမှုများကိုလည်း
အဘိဇ္ဈာ ဣဿာပွား၍ တိုက်ခိုက်ဖျက်ဆီးတတ်၏။
(Nov,
2010)
စိတ်ပျော့သူထဲ
ရန်ညိုစွဲ
တစ်ပါးသူ စိတ်ဆိုးတိုင်း
ကိုယ်ကပြန်စိတ်ဆိုးရင်
ကိုယ့်စိတ်
နုနေသေး၏။
မြေပျော့ရင် ခြေရာထင်သလို
စိတ်ပျော့ရင်
အငြိုးအတေး
စွဲထင်၏။ အငြိုးကြီးတတ်၏။
ဒေ၀ဒတ်သည် ရွဲကုန်သည်ဘ၀မှ
ထားခဲ့တဲ့ ရန်ငြိုးကြောင့်
သံသရာတလျှောက်လုံး
ဘုရားလောင်းအား
ရန်ပြုတိုက်ခိုက်ဖျက်ဆီးခဲ့၏၊
အ၀ီစိငရဲသို့လဲ
အခေါက်ခေါက်
အခါခါ ရောက်ခဲ့ရ၏။
ရန်ငြိုးကို မပယ်ပါက တစ်သံသရာလုံး စွဲထင်တတ်၏။ သူတပါးအား ဖျက်ဆီးလိုသော
ရန်ငြိုးသည်
မိမိကို ဖျက်ဆီး၏။
(Nov,
2010)
***************************
မကြာမီ ၀ဋ်လည်တတ်သည်
* မိဘအပေါ် ဆိုးသူသည် သားဆိုးသမီးဆိုး
ရတတ်၏။
* ယောက္ခမအပေါ် ဆိုးသူသည် သမက်ဆိုး၊ ချွေးမဆိုး ရတတ်၏။
* ဆရာသမားအပေါ် ဆိုးသူသည် တပည့်ဆိုးနှင့်တွေ့ရတတ်၏။
* သူငယ်ချင်းအပေါ် ဆိုးသူသည် သူငယ်ချင်းဆိုးများနှင့်တွေ့ရတတ်၏။
ကိုယ်ဆိုးလျှင် ကိုယ့်ပတ်ဝန်းကျင်က
ဆိုးလိမ့်မည်။
ကိုယ်ကောင်းလျှင်
ကိုယ့်ပ၀တ်ဝန်းကျင်က
ကောင်းလိမ့်မည်။
0 comments:
Post a Comment