ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ မြို့နယ်ဓမ္မစကူးလ်များ ရေရှည်တည်တံ့ပြန့်ပွားတိုးတက်ဖွံ့ဖြိုးရေးကော်မတီ

Tuesday, May 5, 2015

သက္ကရာဇ် တွေနဲ့ ပါတ်သတ်ပြီးတော့


သက္ကရာဇ် တွေနဲ့ ပါတ်သတ်ပြီးတော့ .....

(၁) မဟာသက္ကရာဇ်
(၂) သာသနာသက္ကရာဇ်
(၃) ကောဇာသက္ကရာဇ်
(၄) ခရဇ်သက္ကရာဇ်
(၅) ဘီစီ
(၆) အေဒီ ဟူ၍ရှိပါသည်၊

(၁) မဟာသက္ကရာဇ်
ဘုရားအလောင်းတော် သိဒ္ဓတ္တမင်းသား၏ ဘိုးတော် အဉ္စနမင်းကြီးနှင့် ကာလဒေ၀ီလ ရသေ့တို့  ထားခဲ့သောနှစ်ကို မဟာသက္ကရာဇ် ဟုခေါ်ပါသည်။ အလောင်းတော်ကို မဟာသက္ကရာဇ် (၆၈) ခုနှစ်တွင်မီးရှူးသန့် စင်ဖွားမြင်တော်မူခဲ့ပါသည်၊

(၂) သာသနာသက္ကရာဇ်
မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီး ပထမ သံဂါယတနာတင်သောနှစ်၊ အရှင်မဟာကဿပမထေရ် နှင့် အဇာတသတ်မင်းကြီးတို့  ထားခဲ့သောနှစ်ကို သာသနာသက္ကရာဇ်ဟုခေါ်ပါသည်၊

(၃) ကောဇာသက္ကရာဇ်
မြန်မာသက္ကရာဇ်ဟုခေါ်သော=ကောဇာသက္ကရာဇ်ကိုလည်း မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီး ပထမသံဂါရတနာတင်သောနှစ်မှစ၍ ရေတွက်လာခဲ့ရာ သက္ကရာဇ် (၆၂၂)ခုနှစ်အရောက် သရေ ခေတ္တရာခေတ် သုမုန္ဒရီ မင်းလက်ထက်မှာ ဖြိုခဲ့ပါသည်၊ ထိုမှတဖန် စတင်ရေတွက်လာရာ သက္ကရာဇ် (၅၆၀)ခုနှစ်အရောက် ပုဂံခေတ် ပုပ္ပါးစောရဟန်းမင်း လက်ထက်မှာ တစ်ခါဖြိုခဲ့ပြန်ပါသည်၊ မြန်မာသက္ကရာဇ် ခေါ်သော ကောဇာသက္ကရာဇ်ကို နှစ်ခါဖြိုခံရပါသည်၊ ထို့ ကြောင့် (၆၂၂) နှင့် (၅၆၀) နှစ်ရပ်ပေါင်းတော့ (၁၁၈၂) ဖြစ်ပါသည်၊ ထိုနှစ်ခါအဖြိုခံရသော သက္ကရာဇ်ကို မြန်မာသက္ကရာဇ်=ကောဇာသက္ကရာဇ် ဟုခေါ်ပါသည်။

မှတ်ချက်။ ။ ယခုရောက်ဆဲ မြန်မာသက္ကရာဇ်တွင် နှစ်ခါဖြိုခံရသော သက္ကရာဇ်(၁၁၈၂) ထဲ့၍ပေါင်းလိုက်လျှင် သာသနာသက္ကရာဇ် ရပါသည်။

(၄) ခရဇ်သက္ကရာဇ်
သာသနာသက္ကရာဇ် (၅၄၄) ခုနှစ် အရောက်တွင် ခရာဇ်တော်မွေးဖွားခဲ့ပါသည်၊ ထိုအချိန်မှစ၍ ရေတွက်သောနှစ်ကို ခရာဇ်သက္ကရာဇ် ဟုခေါ်ပါသည်။

မှတ်ချက်။ ။ ယခုရောက်ဆဲ ခရာဇ်သက္ကရာဇ် ကို (၅၄၄) ပေါင်းလျှင် သာသနာသက္ကရာဇ် ရပါသည်

(၅) ဘီစီ (BC)
ဘီစီ (Before Christ)ဆိုသည်မှာ ခရာဇ်တော်မပေါ်ခင်ရေတွက်အပ်သော နှစ်ဟု အဓိပ္ပါယ်ရပါသည်၊ အလောင်းတော်ကို ဘီစီ(၆၂၃)ခုနှစ်တွင် မီးရှုးသန့် စင်ဖွားမြင် တော်မူခဲ့ပါသည်၊

(၆) အေဒီ (AD)
အေဒီ (Anno Domini) ဆိုသည်မှာ ခရာဇ်တော်မွေးဖွားပြီးနောက် ရေတွက်အပ်သောနှစ်ဟုအဓိပ္ပါယ်ရပါသည်၊ (Anno Domini) ဆိုသည်မှာ ငါတို့ ဘုရားသခင်နှစ်ဟုအဓိပ္ပါယ်ရပါသည်။

ဗဟုသုတ ရစေရန်အလို့ငှာအင်းလေးမီဒီယာမှပြန်လည်ကူးယူ ဖော်ပြပါသည်။

0 comments:

Post a Comment

နေ့တိုင်းဘ၀သစ် စနိုင်သည်. Powered by Blogger.
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Bluehost Review